Part.12

8.3K 166 0
                                    


Unicode

တံတိုင်းတစ်ယောက်ရောင်စဥ့်ဆီကပြန်ရောက်တာနဲ့သူမကိုဖွင့်ပြောခဲ့တာကိုပြန်တွေးမိပြီးလူကဆက်တိုက်ပြုံးနေမိ၏။

သူမမျက်ဝန်းတွေကိုကြည့်ပြီးသူ့အပေါ်ခါးခါးသီးသီးဖြစ်မနေတာကိုကြည့်ခြင်းအားဖြင့်သူမလည်းသူ့အပေါ်စိတ်ရှိနေပုံပင်။

သူရေချိုးဖို့အင်္ကျီချွတ်နေတုန်းသူ့အစ်မကအခန်းထဲဝင်လာပြီး

''​ပြန်လာတာနောက်ကျလှချည်လား ညကြီးကျမှရေချိုးမလို့လား အအေးပတ်နေဦးမယ်''

''ဘာမှမဖြစ်ပါဘူးမမရာ''

''ဒါနဲ့ မနက်ဖြန်ရုံးပိတ်ရက်နင်ဘယ်မှသွားစရာမရှိဘူးမလား''

''မရှိဘူးလေ''

''အေး မနက်ဖြန်အိမ်ကိုဧည့်သည်လာမှာတဲ့ အဲဒါသွားစရာရှိလည်းမသွားနဲ့လို့​ပြောမလို့''

''အင်းပါ ဟုတ်ပါပြီ''

''အေးအေး ရေလည်းမြန်မြန်ချိုး အအေးမိမယ်''

''အင်းပါ''

______________

နောက်နေ့နေ့လည်အချိန်မှာသူ့အဖေထမင်းစားဖိတ်ထားတဲ့မိသားစုကအိမ်သို့ရောက်လာ၏။
ဖေဖေပြောတာတော့သူ့ငယ်သူငယ်ချင်းဆိုပဲ။

သူတို့နေ့လည်စာစားပြီးတော့လူကြီးတွေကရှေးဟောင်းနှောင်းဖြစ်ပြောနေကြပြီးထိုမိသားစုကပါလာတဲ့သမီးဖြစ်သူနဲ့တံတိုင်းနဲ့ကတော့တစ်ကယ်တေမိ။

သူ့အဖေဦးထိပ်တန်းက

''သမီးလေးကအရမ်းလှတာပဲနော် အန်ကယ့်ချွေးမလုပ်မလား''

တဲ့။အ​ဖေဖြစ်သူစကားကြောင့်တံတိုင်းကထိတ်ထိတ်ပြာပြာဖြင့်

''ဖေဖေဘာတွေပြောနေတာလဲ''

ဟန်နီကလည်း

''ဟင့်အင်း ဟန်နီက...''

သူမစကားမဆုံးခင်သူမအဖေက

''ထိပ်တန်း မင်းကလ​ည်းကွာ ကလေးတွေရှက်ကုန်ပြီ''

''ဟား ဟုတ်သားပဲ နောက်မှဒီကိစ္စကိုသေချာဆွေးနွေးရမယ်''

တံတိုင်းကစိတ်ရှုပ်သွားတဲ့ရုပ်နဲ့သူနဲ့မျက်နှာချင်းဆိုင်ကဟန်နီဦးဆိုတဲ့မိန်းကလေးအားလှမ်းကြည့်လိုက်၏။

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now