Unicode
သူတို့နှစ်ယောက်အောက်ထပ်ကိုဆင်းခဲ့တော့အိမ်ထဲကဝိုင်းမှာပြောင်းထိုင်နေကြတဲ့သုသဒ္ဓါတို့သုံးယောက်ကသူတို့ကိုလှည့်ကြည့်ကာ
''ပျောက်သွားပါတယ်အောက်မေ့နေတာ ဘာမဟုတ်တာတွေသွားလုပ်နေတာလဲ''
''ဘာတွေပြောနေတာလဲ မဟုတ်တာတွေလျှောက်မပြောစမ်းနဲ့''
ဟိန်းထွဋ်ခေါင်ကရောင်စဥ့်ရှေ့ရောက်လာပြီးသူ့လက်ကိုကမ်းပေးကာ
''တွေ့ရတာဝမ်းသာပါတယ် ဟိန်းထွဋ်ခေါင်ပါ''
ရောင်စဥ်ယောင်ကန်းကန်းနဲ့ပဲသူ့အားပြန်ပြီးလက်ဆွဲနှုတ်လိုက်စဥ်ဟိန်းထွဋ်ခေါင်ကသူမလက်အားဆွဲဆောင့်လိုက်တာကြောင့်သူမတို့နှစ်ယောက်လူချင်းရောမျက်နှာချင်းပါနီးကပ်သွားရလေသည်။
ရောင်စဥ်ကြောင်သွားတုန်းတံတိုင်းကချက်ချင်းပဲသူမအားသူ့ဘက်ပြန်ဆွဲခေါ်ကာ
''မင်းဘာလုပ်တာလဲဟိန်းထွဋ် ဖွန်ကြောင်တာလည်းကြည့်ကြောင်စမ်းပါ''
သူတို့အပြုအမူနဲ့စကားတွေကြောင့်ရောင်စဥ့်မှာနေရခက်လာရ၏။
ဟိန်းထွဋ်ခေါင်ကလည်းကျောင်းတုန်းကအတိုင်းလက်ရဲဇက်ရဲပင်။
စာလေးတော်ပြီးရုပ်လေးချောတာရှိပြီးအကျင့်ကတစ်စက်မှမကောင်း။
မိန်းကလေးတွေကိုငိုအောင်စတတ်ပြီး မိန်းကလေးလှလှလေးများတွေ့ရင်ငမ်းကြောထပြီးသား။''ကျွန်မကိုခွင့်ပြုပါဦး''
ပြောပြီးသူမနောက်ကိုလှည့်လိုက်စဥ်အဖွားကအိမ်ထဲဝင်လာပြီး
''ဟာ မြေးလေး ဘယ်တွေသွားနေလို့ခုမှပြန်လာတာလဲ အဖွာကမြေးလေးကိုမျှော်နေတာ''
ပြောရင်းနဲ့အဖွားကသူမအားအတင်းဖက်လာလေသည်။
တံတိုင်းလည်းထိုမြင်ကွင်းကိုမြင်ကာအံ့အားသင့်သွားရ၏။
ပုံမှန်ဆိုအဖွားကဒီအိမ်ကမိသားစုဝင်ကလွဲရင်ဘယ်သူစိမ်းကိုမှမတွယ်တာတတ်သူ။''အဖွား သမီးကအိမ်ပြန်ရတော့မှာအဖွားရဲ့''
''ဒါမြေးလေးအိမ်ပဲလေ''
''ဒါသမီးအိမ်မဟုတ်ဘူးလေအဖွား''
''အာ မရဘူး မပြန်ရဘူး''
![](https://img.wattpad.com/cover/364293205-288-k908356.jpg)
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ