Unicode
🌳🍁ရူးရူးမူးမူး...အချစ်ဦး🍁🌳
Part.18
ရောင်စဥ်ဆေးရုံကဆင်းတော့သူမမိဘတွေကသူမအားကွန်ဒိုမှာမနေခိုင်းပဲသူတို့နဲ့အတူပြန်လာနေစေ၏။
''ဘေဘီလေးဘာစားချင်လဲ''
''ဘေဘီဗိုက်မဆာသေးဘူးမေမေ''
''အဲဒါဆိုဘေဘီလေးဗိုက်ဆာရင်စားဖို့မေမေတစ်ခုခုသွားလုပ်ထားမယ်နော် အဆင်သင့်ဖြစ်အောင်''
''ဟုတ်မေမေ''
သူမအမေအခန်းထဲကထွက်သွားတာနဲ့ရောင်စဥ်လည်းအိပ်ရာပေါ်လှဲအိပ်လိုက်သည်။
သူမဆေးရုံဆင်းခဲ့တာတံတိုင်းမသိတော့ခုလောက်ဆိုခေါင်းမီးတောက်နေလောက်ပြီဆိုတာရောင်စဥ်တွေးကြည့်ရုံနဲ့သိလိုက်၏။ရောင်စဥ်ကသူ့ဖုန်းနံပါတ်ကိုလည်းblockထားတာမို့သူပြာယာခတ်နေတော့မှာ။
''နေပါစေ ပစ်ကိုထားဦးမယ်''
ရောင်စဥ့်အမေဒေါ်ခင်အေးနုတစ်ယောက်သမီးဖြစ်သူအတွက်စားစရာလုပ်ပေးနေတုန်းခြံရှေ့ကကားဟွန်းတီးသံကြောင့်ခြံရှေ့ထွက်ခဲ့တော့ဆေးရုံမှာတွေ့ခဲ့တဲ့ကောင်လေးဖြစ်နေ၍ခြံတံခါးဖွင့်ပေးလိုက်ပြီးမှ
''မင်းကတံတိုင်းဆိုတဲ့ကောင်လေးမလား''
''ဟုတ်ပါတယ်အန်တီ ဘေဘီ အာ ရောင်စဥ်ရှိလား''
''ရှိတယ် လာလေ အိမ်ထဲဝင်''
သူကားကိုခြံရှေ့မှာပဲရပ်ထားခဲ့ပြီးအိမ်ထဲဝင်ခဲ့လိုက်၏။
''လာ ထိုင်ဦး ရောင်စဥ့်ကိုသွားခေါ်ပေးမယ်''
''ဟုတ်အန်တီ''
''ဒါနဲ့ မင်းကဘေဘီ့ကောင်လေးလား''
''ဗျာ...ဟို''
''ပြောစမ်းပါ အန်တီ့သမီးရဲ့ကောင်လေးဟုတ်တယ်မလား''
''ဟုတ် ဟုတ်ပါတယ်''
''ဘေဘီနဲ့စိတ်ကောက်နေကြတာလား''
သူဖြေရခက်စွာဖြင့်လည်ဂုတ်ကိုပွတ်တော့ရောင်စဥ့်အမေက
''ဘေဘီကသူချစ်တဲ့သူတွေနဲ့ဆိုအရမ်းစိတ်ကောက်သန်တာ မင်းစိတ်ရှည်ရှည်နဲ့ချော့မှရမယ်''
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ