Unicodeသုသုကကောက်ခါငင်ခါကြီးနှုတ်ထွက်သွားတာကြောင့်တံတိုင်းနဲ့ဓူဝံတို့ပြာယာခတ်သွားရသည်။
''သုသုကဘာဖြစ်တာလဲ မပြောမဆိုနဲ့''
''အေး မနေ့ကထိကိုအကောင်းပါ ဟိန်းထွဋ်ကလည်းအလုပ်မလာဘူး သူတို့တစ်ခုခုများဖြစ်လို့များလား''
တံတိုင်းက
''မဖြစ်နိုင်ပါဘူး ပြီးတော့မနေ့ကအဲ့ကောင်မွေးနေ့လေ သူအရက်နာကျပြီးမလာနိုင်တာပဲနေမှာ သုသုကဖုန်းခေါ်လို့မရဘူးလား''
''မရဘူး စက်ပိတ်ထားတယ်''
''ဟိန်းထွဋ်ကရော''
''သူလည်းတူတူပဲ ငါသုသုအိမ်သွားကြည့်လိုက်မယ်''
''အေး''
ဓူဝံချက်ချင်းပဲတံတိုင်းရုံးခန်းထဲကထွက်လာခဲ့လိုက်၏။
ရောင်စဥ်ကမျက်နှာမသာမယာနဲ့''သုသုတစ်ခုခုများဖြစ်လို့လား သူကခုလိုဘာမှမပြောမဆိုနဲ့အဆက်အသွယ်ဖြစ်သွားမယ့်သူမဟုတ်ဘူးလေ''
''ကိုယ်လည်းမသိတော့ဘူး''
သူစားပွဲပေါ်ကဖုန်းကိုယူ၍ဟိန်းထွဋ်ကိုဖုန်းဆက်ကြည့်တော့သူ့ဖုန်းကစက်ပိတ်ထားသည်တဲ့။
ဟိန်းထွဋ်ကအိမ်ပြန်ရောက်ကတည်းကသုသုနဲ့သူနဲ့ဖြစ်ခဲ့တာကိုတွေးပြီးငူငူငိုင်ငိုင်နဲ့ဖြစ်နေတာမို့ဖုန်းအားကုန်ပြီးစက်ပိတ်နေတာကိုမသိလိုက်။
သူ့အခန်းထဲအောင်းနေတုန်းသူ့အိမ်ကအိမ်အကူကောင်မလေးကတံခါးလာခေါက်ပြီး''အစ်ကိုဟိန်းထွဋ်''
''အေး''
''အောက်ထပ်မှာအစ်ကို့ဖုန်းလာနေတယ် ကိုတံတိုင်းဆက်လာတာ''
သူဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကြည့်တော့သူ့ဖုန်းကဖွင့်မရမှစက်ပိတ်နေမှန်းသိတော့သည်။
''အေးအေး လာပြီ''
သူကုတင်ပေါ်မှဆင်းလာပြီးအခန်းထဲကထွက်ခဲ့လိုက်၏။
အောက်ထပ်ရောက်တာနဲ့သူကြိုးဖုန်းကိုကောက်ကိုင်လိုက်ပြီး''အေး ပြော''
''မင်းဘာလို့စက်ပိတ်ထားတာလဲ''
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romanceငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ