Unicode
မီးရောင်စုံဖြင့်အလှဆင်ထားသောခြံကြီးရှေ့သို့ဖူးသစ်ကားလေးကထိုးရပ်သွားလေ၏။
ဖူးသစ်ရဲ့လက်ရာကြောင့်ရောင်စဥ်ကသခွားရောင်ဂါဝန်ရှည်လက်တစ်လုံးလေးနဲ့အလှကြီးလှနေတာပင်။
''ငါတစ်ကယ်ကြီးသွားရမှာလားဖူးသစ် ငါမသွားရဲဘူး''
''တယ် ဒီကောင်မလေးနဲ့တော့ ဒီထိတောင်ရောက်လာပြီပဲဟာကို မြန်မြန်ဆင်းတော့''
ရောင်စဥ်လည်းငွေရောင်ပိုက်ဆံအိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးကားပေါ်ကဆင်းလိုက်၏။
''လာကြိုရတော့မယ်ဆိုဖုန်းဆက်နော်သူငယ်ချင်း ဘိုင့်ဘိုင်''
ပြောပြီးဖူးသစ်ကနေရာမှမောင်းထွက်သွားလေတော့သည်။
ရောင်စဥ်လည်းဂါဝန်လေးကိုလက်တစ်ဖက်နဲ့'မ'ပြီးခြံရှေ့လျှောက်လာလိုက်၏။ခြံပေါက်ဝရောက်တဲ့အချိန် ခြံထဲကစားပွဲဝိုင်းတစ်ခုမှာထိုင်နေကြတဲ့သူတွေကိုအမြင်မှာရောင်စဥ်တစ်ကိုယ်လုံးအေးခဲသွားသလိုပင်။
ရယ်မောကာစားသောက်နေကြသောသူတို့က နေတံတိုင်း ဓူဝံမင်း ဟိန်းထွဋ်ခေါင်နဲ့သုသဒ္ဓါ။
သူတို့ကခုချိန်ထိခင်မင်ပေါင်းသင်းနေကြတုန်းပဲကိုး။ရောင်စဥ်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်ပြီးမှဂါဝန်စအားလက်နှစ်ဖက်နဲ့'မ'ကာနောက်ကြောင်းပြန်လှည့်ဖို့ဆုံးဖြတ်လိုက်စဥ်
''ညီမလေး''
အသံလာရာကိုလှည့်ကြည့်တော့မနေ့ကတွေ့ခဲ့တဲ့အစ်မ။
''မနေ့ကညီမလေးမလား''
''ဟုတ်ပါတယ်အစ်မ''
''ခုနကအစ်မဖုန်းပြောနေရင်းနဲ့ငါ့ညီမကားပေါ်ကဆင်းလာတာမြင်တော့တူပါတယ်လို့ကြည့်နေတာ ညီမလေးကအရမ်းလှနေတော့မနည်းကြည့်ယူရတယ်ကွယ် မေမေကငါ့ညီမလာမယ်ဆိုတာကိုပြောထားတယ် အစ်မနာမည်ကလဝန်းရံပါ ညီမလေးနာမည်ကကြယ်ရောင်စဥ်နော်''
''ဟုတ်ပါတယ်''
''ကဲလာ အထဲဝင်''''မဟုတ်''
ရောင်စဥ်ငြင်းရခက်လက်ခံရခက်နဲ့ပဲလဝန်းရံဆွဲခေါ်ရာနောက်ပါသွားရသည်။
လဝန်းရံကရောင်စဥ့်အားနေတံတိုင်းတို့ဝိုင်းကိုခေါ်လာကာ
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
Romantizmငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ