Unicodeသူနဲ့ရောင်စဥ်တို့မနက်စာစားပြီးပြန်ရောက်လာတော့မိန်းကလေးတစ်ယောက်ကအောက်ထပ်မှာရှိတဲ့အဖွဲ့အသီးသီးကဝန်ထမ်းတွေအားလက်ဆောင်ပစ္စည်းတွေလိုက်ပေးနေတာတွေ့လိုက်ရသည်။
သူမကတော့စုလေးနွယ်ဖြစ်ပြီးဟိန်းထွဋ်ကိုအရှင်ရရအသေရရလိုချင်နေသူတစ်ဦးပါပဲ။
မိန်းကလေးတကာကိုစိတ်ဝင်စားတဲ့ဟိန်းထွဋ်ကလည်းသူမကိုမှအဖတ်မလုပ်တော့ပိုပြီးခံပြင်းနေသူဆိုလည်းမမှား။သူမကလည်းရုပ်ရည်အရလှလှပပပေမယ့်ဟိန်းထွဋ်ကသူမကိုတစ်စက်မှအဖတ်မလုပ်။
သူမကတံတိုင်းကိုမြင်တော့
''ဘော့စ်''
''နင်ပြန်ရောက်နေပြီလား''
''ဟုတ်တယ်ဘော့စ် မနေ့ကပဲပြန်ရောက်တာပါ ဒီမှာစုလေးရဲ့အိမ်ပြန်လက်ဆောင်လေးပါ''
''အေး ကျေးဇူးပဲ''
သူပြောပြီးအပေါ်ထပ်ကိုတက်ခဲ့လိုက်၏။စုလေးနွယ်ကရောင်စဥ့်ကိုလိုက်ကြည့်ကာသူမဘေးကကောင်မလေးအား
''နင်ပြောတာအဲ့မိန်းမလား''
''အေး နင့်ကိုဟိန်းထွဋ်ကြီးကအရူးအမူးတွေပိုးပန်းနေတာ သူတင်မဟုတ်ဘူး အေးအေးဆေးဆေးနေတတ်တဲ့ကိုဓူဝံကလည်းသူ့ကိုအာရုံစိုက်နေပြီးအရမ်းချေပါတယ်ဆိုတဲ့ဘော့စ်ကလည်းသူ့ကိုအရမ်းအရေးပေးနေတာ အလုပ်ဝင်တာဖြင့်မနေ့ကမှကိုသူကငါတို့ထက်ကိုပြီးအားလုံးဝိုင်းမြှောက်စားတာခံနေရတာ''
စုလေးနွယ်ကမဲ့ရွဲ့ရင်း
''ဘယ်နားများလှနေလို့လဲ ကြည့်လို့ကိုမရဘူး''
ချက်ချင်းပဲသူမဆုံးဖြတ်ချက်ချလိုက်သည်။ဟိန်းထွဋ်ကိုသူမပဲပိုင်ရမည်။
🌳🍁🍁🌳
နေ့လည်စာစားချိန်ရောက်တော့ရောင်စဥ်လည်းကုမ္ပဏီကစီစဥ်ပေးထားတဲ့ထမင်းစားတဲ့နေရာသို့ထွက်လာခဲ့လိုက်၏။
သူမကိုမြင်တော့စုလေးနွယ်တို့ဝိုင်းကလှမ်းခေါ်ကာ
''ရောင်စဥ် ငါတို့နဲ့လာထိုင်လေ''
''အင်း''
ရောင်စဥ်လည်းထိုနေရာသို့သွားလိုက်စဥ်သူမကိုကျောပေးထားတဲ့စုလေးနွယ်ကခြေထိုးခံလိုက်တာကြောင့်ရောင်စဥ်မှာခလုတ်တိုက်လဲပြီးလက်ထဲကထမင်းဗူးကလည်းခပ်ဝေးဝေးကိုလွင့်ကာမှောက်ကျသွားပြီဖြစ်သလိုသူမဒူးတစ်ဖက်ကလည်းအတော်လေးနာကျင်သွားရလေ၏။
YOU ARE READING
ရူးရူးမူးမူး...အချစ်ဦး[completed]
عاطفيةငယ်ငယ်ကအချစ်ဦးကကိုယ့်အလုပ်ရှင်ဖြစ်လာတဲ့အခါ