Part.6

9.9K 203 0
                                    

Unicode

ရောင်စဥ်ကျောက်ရုပ်လေးလိုတောင့်တောင့်လေးဖြစ်သွားရသည်။
လက်ထဲကကော်ဖီခွက်ကိုလည်းလွတ်ကျမသွားအောင်ခပ်တင်းတင်းဆုပ်ကိုင်ထားမိပြန်၏။

''ဟိတ် ဘာမှပြန်မပြောတော့ဘူးလား''

ဓူဝံ့စကားကြောင့်ရောင်စဥ်သူ့ကိုလှည့်ကြည့်ကာ

''နင် နင်မှတ်မိနေတယ်ဟုတ်လား''

''အစကတော့မမှတ်မိပါဘူး တစ်နေရာရာမှာမြင်ဖူးသလိုရှိလို့စဥ်းစားရင်းနဲ့ပြန်မှတ်မိသွားတာ''

''နင်ဒါကိုနေတံတိုင်းကိုမပြောဘူးမလားဟင်''

''မပြောတတ်ဘူး ငါနှုတ်လုံပါမယ်လို့တော့သိပ်ပြီးအာမမခံဘူး''

​ရောင်စဥ်လက်ထဲကကော်ဖီခွက်ကိုအနားကစားပွဲပေါ်တင်ပြီးဓူဝံ့လက်နှစ်ဖက်ကိုဆွဲကိုင်ကာ

''နင်သူ့ကိုမပြောပါနဲ့နော် ငါတောင်းပန်ပါတယ် မပြောပါနဲ့နော်''

တစ်ကယ်ထိတ်လန့်နေပုံရသောသူမကိုကြည့်ကာဓူဝံသွားတွေပေါ်အောင်ရယ်လိုက်ပြီး

''အခုနင့်မျက်နှာဇီးရွက်လောက်ပဲရှိတော့တယ် ငါကစတာပါ တံတိုင်းကိုငါမပြောပြပါဘူး စိတ်ချပါ''

''တစ်ကယ်နော် သေချာရဲ့လား''

''ငါကသူများကိစ္စဝင်ပါတတ်တဲ့သူမဟုတ်ပါဘူး''

သူကထိုသို့ပြောလာမှရောင်စဥ်လည်းစိတ်အေးသွားပြီးသူ့လက်တွေကိုလွှတ်ကာ

''ကျေးဇူးတင်ပါတယ်ဓူဝံ''

''ကိစ္စမရှိပါဘူး''

''အဲဒါဆိုငါသွားပြီနော်''

''အင်း''

ရောင်စဥ်ကော်ဖီခွက်လေးကိုကိုင်ပြီးရုံးခန်းထဲပြန်ဝင်လာခဲ့လိုက်၏။
အခုတစ်ယောက်ကတော့သိသွားပြီ။

နေတံတိုင်းလည်းတစ်နေနေ့ပြန်မှတ်မိသွားမလားမပြောတတ်။

ရောင်စဥ်လက်ထဲကကော်ဖီခွက်ကိုတံတိုင်းစားပွဲပေါ်တင်ပေးလိုက်တော့သူက

''ပေါ်လာသေးတယ် ခုမှကော်ဖီသီးခူးနေတုန်းမှတ်တာ''

ရောင်စဥ်ကစူပုပ်မဲ့ရွဲ့၍

ရူးရူးမူးမူး...အချစ်ဦး[completed]Where stories live. Discover now