''ဟယ်ချန်း ဧည့်သည်တွေရောက်နေပြီဝင်လာတော့''ဆိုင်အပြင်ကိုထွက်ကာ နောက်ကနံရံကိုမှီ၍ဆေးလိပ်သောက်နေသည့်သူကိုလှမ်းခေါ်လာသည့် ဂျဲနိုကြောင့်ဟယ်ချန်းကျစ်ကနည်းဆုတ်သတ်လိုက်မိ့သည်။အရက်ဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေရသည်ကလည်း လွယ်လွန်းနေသည့်အလုပ်တစ်ခုဟုတ်မနေပေ။ကိုယ့်အလုပ်ကWaiterဘဲဆိုပေမဲ့ တစ်ခါတလေအခုလိုသူဆက်ပေးသည်ကိုသာသောက်တတ်ကြသည့်ဧည့်သည်တွေကြောင့် မကြာခနဟယ်ချန်းစိတ်ရှုပ်ရသည်။ရသည်ပိုက်ဆံနဲ့လုပ်ရသည့်အလုပ်ကသိပ်ကီးမကိုက်သောကြောင့် ဟယ်ချန်းဆေးလိပ်ဖွာနေရင်းကနေစိတ်တိုလာရ၏။
''ေ-ာက်လုပ်တွေကိုရှုပ်တယ် တောက်!!''
ဟယ်ချန်းတွေးရင်းစိတ်တိုလာသည်မို့ လက်ထဲကဆေးလိပ်ကိုလွှတ်ပစ်လိုက်သည်အချိန် သူလွှတ်ပစ်လိုက်သည့်ဆေးလိပ်သည်သူရှေ့ဖြတ်လျှောက်သွားသည့်လူတစ်စုထဲက တစ်ယောက်ရဲ့ဂျာကင်အနက်ကိုထိမှန်သွားလေသည်။ထိုကြောင့် ဟယ်ချန်းသက်ပြင်းကိုချကာ သူကြောင့်ဆေးလိပ်မီးစထိမှန်သွားလို့အသည်းအသန်ဖြစ်မသွားဘဲ သူကိုသာစိုက်ကြည့်နေသည့်လူကိုပြောလိုက်၏။
''sorry''
ထိုသို့ပြောကာ ဟယ်ချန်းဆိုင်တံခါးကိုတွန်းဖွင့်ကာဝင်သွားလိုက်သည်။အရိပ်အယောင်မရှိတော့ဘဲပျောက်ကွယ်သွားသည့်သူအရိပ်ကို မျက်တောင်မခတ်တမ်းလှမ်းကြည့်နေသည့်လူတစ်ယောက်လည်းရှိလေ၏။ထိုလူသည်အခြားသူတော့မဟုတ် ဟယ်ချန်းကြောင့်အကြိုက်ဆုံးဂျာကင်လေးအနည်းပျက်စီးသွားရသည့်Markပင်။
''Mark ဘာလို့မင်းဆွဲမထိုးလိုက်တာလည်း၊ဒါမင်းအကြိုက်ဆုံးလေးဆို''
ဘေးကဒေါသတကြီးဝင်ပြောလာသည့် ဂျယ်မင်းရဲ့ပခုံးကိုဖက်လိုက်ကာပြောလိုက်သည်။
''ထားလိုက်ပါ သူလည်းမမြင်လိုက်လို့နေမယ်''
''ဘာထားပါလည်း မင်းကိုတောင်းပန်သွားတာတောင်အကျောကြီးနဲ့''
ထိုသို့ထပ်ကာပြောလာသည့် ဂျယ်မင်းကြောင့်Markပြုံးလိုက်မိ့၏။သူကိုတောင်းပန်သွားသည်က စိတ်ထဲမပါမှန်းသိသာလှပေမဲ့၊ထိုညှိ့အားပြင်းသည့်အလှကြောင့် Markမှာမိနစ်ပိုင်းလောက် ကြက်သေ"သွားရသည်ကို ဘေးမှာရပ်နေသည့်ဂျယ်မင်းမသိချေ။တကယ်ပါ ဒီလိုအကြည်မျိုးနဲ့ရင်ဖို့စရာအလှမျိုးကိုပိုင်ဆိုင်ထားသည့်လူမျိုး ဒီကမ္ဘာပေါ်မှာရှိနေသည်ကအထူးဆန်းဆုံးဖြစ်ရပ်လိုပင်။sorryဆိုသည့်စကားလေးတစ်ခွန်းကိုသာကြားလိုက်ရပေမဲ့ ထိုအသံစွာ"လေးသည် Markနားထဲကမထွက်နိုင်တော့။
![](https://img.wattpad.com/cover/364315376-288-k721349.jpg)