၂၀၁၃ ခုနှစ်
ညတစ်ည
"ဖြန်း.......စောက်ကောင်မ........နားညီးတယ်"
"ဟီး.......ဟီး.......ဟီး"
"နင့်ကို...ငိုနေတာတိတ်တော့လို့ပြောနေတယ်လေ"
"ဒီလောက်တောင်.....စောက်ကြောရှည်နေတာပဲ............ဖြန်း"
"အင့်..........ဟီး.........ဟီး"
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ တိုက်အိမ်လေး တစ်လုံးထဲမှာတော့ အပူမီးတွေတောက်လောင်နေသည်။
"နုနုငယ်" ငိုနေရုံမှ လွဲပြီး မတတ်နိုင်။
"စည်သူစိုး" တချက်တချက် သူမကို ပါးချထည့်လိုက်တိုင်း သူမ ကုတင်ဘေး ပုံပုံကျသွားသည်။
"ဖေဖေ......မေမေ့ကို မလုပ်ပါနဲ့.......အီး....ဟီး........ဟီး"
နုငယ်တို့ အခန်းတံခါးဝမှာ စည်သူစိုးနဲ့ နုနုငယ်တို့၏ ရင်နှစ်သည်းချာ သမီးလေး "ရတီဝေ" ပါငိုနေသည်။
(၇)နှစ်ကျော်ရှိနေပြီ ဖြစ်သော ရတီဝေလေးက တော်တော်သိနားလည်သော အရွယ်ကို ရောက်နေပြီ ဖြစ်သည်။
"တိတ်စမ်း.......ငါဘာမှမကြားချင်ဘူး.......တော်စမ်း....သမီး"
"ရှင်ကလေးကို ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ မပြောပါနဲ့"
"မသိဘူးကွာ.....နားညည်းတယ်"
"အလုပ်ပင်ပန်းပြီး အိမ်ပြန်လာပါတယ်ဆိုမှ မိန်းမရော၊ သမီးရောက ချိုချိုသာသာဆက်ဆံမယ် မရှိဘူး"
"မသာအိမ်ကျနေတာပဲ"
"ရှင် ဘယ်လိုတွေပြောလိုက်တာလဲ"
"လာ....လာ...သမီး.....မေမေတို့ အိပ်ကြရအောင်"
နုငယ် အပြင်မှာ ငိုနေသော သမီးဆီ ပြေးထွက်လာပြီး သမီးအခန်းဆီသို့ ခေါ်သွားသည်။
အခန်းထဲရောက်တော့ သမီးလေးကို ချော့သိမ့်ပေးနေသည်။
ရတီလေး က ငိုလို့ဝသွားတော့ မောပြီး အိပ်ပျော်ကြသွားသည်။
ကလေး အိပ်ပျော်တာသေချာကာမှ နုငယ် အခန်းဆီပြန်လာခဲ့သည်။
အခန်းထဲမှာတော့ သူမခင်ပွန်း စည်သူ က မအိပ်သေး။