ရတီ ရင်တထိတ်ထိတ်ခုန်နေသည်။
ကြီးမေက ညစာချက်ပေးပြီး ည(၆)ခွဲလောက်ကတည်း ပြန်သွားပြီ။
ဒီတစ်အိမ်လုံးထဲမှာ သူ တစ်ယောက်တည်းသာ။
ပျင်းပျင်းရိရိ ရှိတာနဲ့ သူမ Netflix ဖွင့်ကာ ဇာတ်လမ်းတွဲ ကြည့်နေလိုက်သည်။
ကြည့်နေသည့် ဇာတ်လမ်းတွဲက "Elite"။
သွေးထွက်သံယို ပြကွက်တွေ၊ လိင်ဆက်ဆံတဲ့ အခန်းတွေ ပေါချင်းသောချင်း။
သူမ ဇာတ်လမ်းတွဲထဲ ဈာန်ဝင်နေခိုက် ဖုန်းမြည်လာသည်။
"တီ....တီ....တီ"
"ဟဲလို"
"ဟဲလို ရတီ..ငါကောင်းသန့်"
"အေး....နင်ရောက်နေပြီလား"
"အေး.....နင်တို့အိမ်ရှေ့မရောက်တရောက်အနားမှာ ငါကားထဲမှာစောင့်နေတယ်။ ကားနဲ့ နင်တိူ့အိမ်ရှေ့မှာ ရပ်နေရင် အရမ်းသိသာနေမှာစိုးလို့"
"အေး...ငါအခု အိမ်ရှေ့တံခါးလာဖွင့်ပေးမယ်....နင်လာခဲ့လိုက်တော့"
ရတီ ဖုန်းချလိုက်ပြီး သူမ အဝတ်အစားကို တစ်ချက်သပ်လိုက်ကာ အိမ်သော့ယူပြီး တံခါးဖွင့်ဖို့ထွက်လာခဲ့သည်။
ဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။
ရတီ လေးညို ရှိမရှိ တစ်ချက်ချောင်းကြည့်ကာ အပြေးလေး လာဖွင့်လိုက်သည်။
အိမ်ရှေ့တံခါးဝမှာ ကိုယ်တော်ချောက ရပ်စောင့်လျက်။
"ဂလောက်....ဂလောက်"
"ကောင်းသန့်....နင်ဝင်လာလိုက်တော့"
ကောင်းသန့် အပြေးလေးဝင်လိုက်သည်။
ရတီလည်း အိမ်သော့ကို ခပ်သွက်သွက်ပိတ်လိုက်ကာ သူမအိမ်ရှိရာသို့ လှမ်းခဲ့လိုက်သည်။
အိမ်ထဲရောက်တော့ ရတီက ဧည့်ခန်းထဲ မဧည့်ခံတော့ဘဲ တစ်ပါတည်း အပေါ်ထပ်ရှိ သူမအခန်းဆီ ခေါ်လာခဲ့သည်။
"ထိုင်......ထိုင်"
"ဟဲ့.....နင်ဘာသောက်မလဲ....အအေးလား..အပူလား"