ညကတဖြည်းဖြည်းကုန်ဆုံးပြီး မနက်အာရုဏ်သန်းလာပြီ။
အိမ်လေးတစ်လုံးထဲမှာတော့ တတိဆိတ်ငြိမ်သက်လျက်။
အိမ်ရှေ့ခန်းမှာ ချွတ်လက်စ အဝတ်တွေ ပုံလျက်။
ယောကျ်ားဝတ်င်္အကျီနဲ့လုံချည်၊ မိန်းမဝတ် ညအိပ်ဝတ်စုံတစ်ထည်က အိမ်ရှေ့က TVကြည့်သော ဆိုဖာနားမှာ ပုံလျက်သား။
စားပွဲခုံပေါ်တွင်လည်း သောက်လက်စ ဘီယားဘူးတစ်ဘူးနှင့်၊ Coke Zero တစ်ဘူး။
ထိုဧည့်ခန်းရဲ့အတွင်းဖက်နားရှိနေသည့် အိပ်ခန်းလေးထဲမှာတော့ ပူးကပ်စွာ ဖက်အိပ်နေသည့် အဖိုနဲ့အမ။
ခြုံထားသော စောင်အောက်တွင်ရှိသော သူတို့(၂)ဦး၏ ခန္ဓာကိုယ်တွင် ဘာအဝတ်အစားမှမရှိ။
ကမ္ဘာဦးလူသားတွေ ဖြစ်သည့် အာဒံ နှင့် ဧဝလိုနှယ်။
အေးစိမ့်နေသော အဲယားကွန်း၏ အအေးဒဏ်ကိုလည်း မမှုပါ။
တစ်ယောက်၏ ကိုယ်ငွေ့က နောက်တစ်ယောက်ကို အပြန်အလှန် နွေးထွေးစေသည် မဟုတ်လား။
"တီ.....တီ.....တီ.....တီ"
ဦးဖေဖုန်းမှ နှိုးစက်မြည်လာသည်။
အဲကျမှ ဦးဖေက လူးလူးလိမ့်လိမ့်နဲ့ နိုးထလာသည်။
သူ့ရင်ခွင်အောက်ထဲမှာတော့ နှစ်ခြိုက်စွာ အိပ်နေသည့် ရတီ။
ရတီမနိုးအောင် ဘေးက မှန်တင်ခုံပေါ်ရှိ ဖုန်းကို ယူပြီး alarm ပိတ်လိုက်သည်။
ဖုန်း Lock Screen မှာပေါ်နေသည်က မနက်(၅)နာရီခွဲ။
တော်ပါသေးရဲ့။
(၆)နာရီဆို ကြီးမေ အိမ်ထဲကို သူ့ဘာသာသူ သော့ဖွင့်ပြီး ဝင်လာတော့မည်။
ဖုန်း alarm ပိတ်ပြီးသည့်အထိ ရတီက မနိုးသေး။
တကယ့်ကို သူ့ကိုယ်လုံးကြီးကိုဖက်ကာ အိပ်မောကျနေသည်ပင်။
နဖူးပေါ်ဝဲကျနေသော ဆံစအချို့ကို ဦးဖေ ဖွဖွလေး သပ်တင်ပေးနေမိ၏။
မနေ့ညတစ်ညလုံး ချစ်တင်းနှောခဲ့ကြသည်မှာ မမောနိုင်၊ မပန်းနိုင်။