"ငါ နင့်ကိုအရမ်းလွမ်းနေတာ"
"အင်း"
"နင် ငါ့ကို ဖုန်းတောင်တစ်ချက်မဆက်ဘူးနော်"
"အင်း"
"ရတီ...နင်ကလည်းကွာ ဘာတအင်းအင်းချည်း ပြောနေတာလဲ။ ငါ့ကို ဘာမှပြောစရာမရှိတော့ဘူးလား"
ရတီမျက်နှာက စိမ်းသက်မှုတွေအပြည့်။
"ကောင်းသန့်...ငါတို့..ဇာတ်လမ်း ဒီမှာပဲ ချန်ခဲ့ရအောင်"
"ဘာ"
ကောင်းသန့် မထင်မှတ်သော စကားကိုကြားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။
"ရတီ..နင်ကလည်းဟာ...ငါ့ကို စချင်ရင် ကြိုက်သလောက်စ။ ဒါမျိုးကြီးနဲ့တော့ မစပါနဲ့ကွာ"
"ငါအတည်ပြောနေတာ"
"ဟင်.....နင် တကယ်ပြောနေတာလား"
ရတီပုခုံးကို ဆွဲကိုင်လှုပ်ရင်း သူမေးလိုက်သည်။
"ပြော...ဘာလို့ ငါ့ကို ဖြတ်ချင်တာလဲ"
ရတီအမှန်အတိုင်း ဘယ်လိုပြောထွက်ပါမလိမ့်။
သူမစိတ်ထဲ "ငါက ငါ့ပထွေးနဲ့ ကြိုက်နေကြလို့ နင့်နဲ့ မပက်သက်ချင်တော့တာ" ဟု ပြောလိုက်ချင်သော်ငြားလည်း သင့်တော်သော စကားမှမဟုတ်ဘဲ။
"ပြောလေ...ပြော"
"ဒီအတိုင်းပါပဲ....ငါ စိတ်မပါတော့လို့"
"စိတ်မပါတော့လို့...ဟုတ်လား.....ရတီရာ...အဲလိုချည်း ပစ်ပစ်ခါခါ မပြောပါနဲ့ကွာ...နင့် ငါ့ကို ဘာဖြစ်စေချင်တာလဲ..ပြော...ငါ အကုန်ပြင်ပေးမယ်...နင် ငါ့ကို တခြားကောင်မလေးတွေနဲ့ စကားပြောတာ မကြိုက်ဘူးဆိုရင်လည်း ငါမပြောတော့ဘူး...နော်....နော်လို့"
"ကောင်းသန့်...ငါအတည်ပြောနေတာ"
ရတီ၏ စိမ်းသက်မှုတွေကြား ကောင်းသန့်ခမျာ အလူးအလဲ။
ကောင်းသန့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပြီး ရတီကို အားနဲ့ဆွဲဖက်ပစ်လိုက်သည်။
"ငါတို့ ဒီလိုပဲ နေသွားကြမယ်လေ"
"ကောင်းသန့်..နင် ငါ့ကို လွှတ်"