Part-4

1.2K 74 0
                                    

Drip ချိတ်ပြီးတဲ့နောက် လွင်လက်ကိုဆွဲပြီး အတန်းကိုလာခဲ့သည်။ စာသင်ခန်းက ဒုတိယထပ်မှာရှိနေတာကြောင့် လွင်က ဩဂတ်စ်ရဲ့လက်ကိုတွဲကာ အားစိုက်တက်နေလေသည်။

" မိုး...နေဦး toilet သွားချင်လို့"

လွင်ရဲ့ယဲ့ယဲ့လေးပြောတဲ့စကားကြောင့် ဩဂတ်စ်လည်း လွင့်ကို toilet ထဲခေါ်လာခဲ့သည်။ toilet အခန်းများရဲ့ရှေ့တွင် လွင်ကရပ်နေလေသည်။ toilet ထဲသို့သူကမဝင်သေး။ဩဂတ်စ်ကတော့ လက်ဆေးသည့်နေရာတွင်ရပ်နေလေသည်။

" မိုး...ဝင်ပေါက်တံခါးကိုပိတ်ပြီး lockချလိုက်"

လွင့်စကားကြောင့် ဩဂတ်စ်ကtoilet ဝင်ပေါက်တံခါးကိုပိတ်လိုက်သည်။ထိုအခါ လွင်က သူ့ရဲ့အင်္ကျီလက်ရှည်ကိုချွတ်လိုက်သည်။ထို့နောက် သူရဲ့အင်္ကျီ၊ ထို့နောက်သူ့ရဲ့အတွင်းဝတ်။
အတွင်းဝတ်ကိုချွတ်ပြီး လွင်က ကျောပေးရပ်နေသည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲက လိမ်းဆေးတောင့်ကိုယူကာ ဩဂတ်စ်ဆီသို့ လက်ပြန်ပစ်ပေးလိုက်သည်။

" ကျောက အရှိုးရာတွေကိုဆေးလိမ်းပေးဦး မိုး"

မထင်မှတ်ထားသော လွင့်စကားကြောင့် ဩဂတ်စ်တစ်ယောက်လက်တုန်သွားသည်။ မဝံ့မရဲဖြင့်စကားတွေပါထစ်လျက်။

" သင့်တော်ပါ့မလား....လွင်၊ ငါ...."

" မိုး...အင်္ကျီချွတ်ထားရတဲ့ငါ့ကိုလည်း ပေးရှက်ပါဦးဟ ငါမမှီလို့ရယ်"

ဩဂတ်စ်လည်း လွင်ပစ်ပေးတဲ့ဆေးဘူးကိုကောက်ယူကာ လွင့်ရဲ့ဒဏ်ရာတွေကိုဆေးလိမ်းပေးလေသည်။ လွင်ကတော့ ကျောပေးလျက်။ ဆေးလိမ်းပေးနေရင်း

" အဲဒါ ဦးလေးရိုက်တာလေ။ရှေးဟောင်းပန်းအိုးကွဲလို့တဲ့။ တကယ်က တို့ဘာမှမလုပ်ဘူးရယ်။ အိမ်ဖော်အဒေါ်ကြီးတွေလုပ်ပြီး တို့ကိုလွှဲချတာ။ ဒေါ်လေးကလည်း သိရက်နဲ့မပြောဘူး။"

" လွင်ရာ...လွင်မလုပ်တာပြောသင့်တယ်လေ။ ပြီးတော့ လွင့်ဒေါ်လေးကဘာလို့မပြောရတာလဲ။"

" မပြောဘူး ပြောရင် အိမ်ဖော်အန်တီကြီးတွေ အလုပ်ပြုတ်မှာ လွင် ဘာပဲဖြစ်နေနေလေ မိုးရယ်။ အနည်းဆုံး လွင်က အရိုက်ပဲခံရမှာ။ သူတို့က အလုပ်ပြုတ်ရင်စားဝတ်နေရေးခက်ခဲမှာ။ ဒေါ်လေးကျတော့လည်း ယောကျာ်းဖြစ်တဲ့ဦးလေးမျက်နှာကြည့်နေနေရတာလေ။ ကြောက်ရှာမှာပေါ့"

အချစ်ဦးWhere stories live. Discover now