ဖြောင်း...
" ငါခိုင်းတာလေးကို ကောင်းအောင် မလုပ်နိုင်ဘူးလား"
" ကျွန်တော်တို့ သူ့ကိုပဲပစ်တာ တစ်ချက်လွဲတာနဲ့ သူကရှောင်သွားတယ် လက်မတင်လေးပဲ ဒါပေသိ ပုခုံးတော့ ရှပ်ထိသွားတယ်"
" ပြောလိုက်ရင် သောက်သုံးကမကျဘူး...မင်းတို့တွေ...တော်ကွာ..ငါ့ရှေ့က မမြင်ချင်ဘူး အခုထွက်သွားကြ"
လူနှစ်ယောက်က ထွက်သွားတော့ ဝီစကီခွက်ကိုင်ထားသည့် အမှောင်ထဲက လူက ခွက်ကို ဝုန်းကနဲ့ပစ်ဆောင့်ကာ ချလိုက်သည်။
" ဩဂတ်စ်မိုး...မင်းကို ဒုက္ခရအောင်ပေးမှာ"
——————
ဩဂတ်စ်မိုးတစ်ယောက် အိမ်ကို စောစောစီးစီးပြန်ရောက်နေခဲ့သည်။ပုခုံးက ဒဏ်ရာကတော့ ရှပ်ထိရုံလေးဆိုပေမယ့် သွေးတအားထွက်နေသည်။ ကျည်ဆံကို မိန်းမဖြစ်သူထုတ်ပေးနေလေသည်။
" နောက်ဆို ဒီလိုဟာတွေမလုပ်နဲ့တော့ ဘယ်နှယ့် ကလေးတွေတစ်သက်ရှိပြီ၊ ဒီအလုပ်ကြီးကို အပြီးသတ်တော့..လွင့်ဦးလေးခိုင်းတာနဲ့လုပ်နေစရာလား...လွင့်ကြောင့် လုပ်နေရတာမလား.."
" လွင့်ကြောင့်တော့မဟုတ်ပါဘူး..သားသမီးတွေအတွက်ရော မိသားစုအတွက်ရောပြီးတော့ နိုင်ငံအတွက်ရောလေ ဩဂတ်စ်သတင်းတွေကြောင့် လာဘ်စားတာတွေ အကျင့်ပျက်တာတွေ မိတာမှမနည်းဘူး ဖောက်ပြန်တာတွေရော ဒီလိုလူတွေမရှိမှ..သားနဲ့သမီးတို့အလှည့်ကျ အေးအေးဆေးဆေးနေရမှာပေါ့..လွင်"
" တော်ပါ....ဘာနေနေ ...ရှင် ဒီအလုပ်ကို ဆက်မလုပ်နဲ့ ကိုယ့်ဘာသာ ဆော့ဝဲလ် ကုမ္ပဏီထောင်ပြီး လူရိုသေ ရှင်ရိုသေရှိတာမှ ကောင်းဦးမယ်"
" အင်းပါ..မိန်းမရာ...ဖြေးဖြေးချင်း အဆက်ဖြတ်ပါ့မယ် အဲ့အလုပ်ကို"
" ဖြတ်ဖြတ်.. ရှင် ခဏခဏ ခရီးထွက်နေရတာလည်း ကြာတော့ စိတ်မချချင်ဘူး..."
" နောက်တစ်ယောက်ယူသွားမှာစိုးတာမလား...ယူလိုက်ရမလား..ပြီးရင် အိမ်ခေါ်ခဲ့မယ်..မိန်းမအတွက် အဖော်ရတာပေါ့"
ဆေးထည့်ပေးနေတဲ့နေရာကို ခပ်နာနာလေးဖိပေးလိုက်ကာ
" ခေါ်လာရင် ကျွန်မကလေးနှစ်ယောက် ပြင်ဦးလွင်တက်ပြီး ယောက္ခမတွေနဲ့သွားနေမယ်..ရော့ အင်္ကျီကိုယ့်ဘာသာဝတ်"