လွင့်မှာ ကိုယ်ဝန်ရှိလာတော့ ဩဂတ်စ်က အပို့အကြိုလုပ်ရလေသည်။ တကယ်ဆို ဩဂတ်စ်မှာ တက္ကသိုလ်သွားဖို့ကပင် စိတ်မချချေ။
" အချစ်...လှေကားတွေတက်ရင်..ခွဲစိတ်ရင် အချစ်ရွံတာတွေ အော့အန်တာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ မွေးပြီးမှတက်ပါလား နောက်ဆုံးနှစ်ပဲကို..."
" ဘေဘီ...စာမေးပွဲက နောက်၄လဆို ဖြေရမှာ..အဲကျ တက္ကသိုလ်ပြီးပြီ ဘွဲ့ရပြီလေ တက်လိုက်တော့မယ်နော်"
" အေးလေ ငါတို့လည်းရှိတာကို ...တက်ခိုင်းလိုက်ပါ ဩဂတ်စ်ရဲ့.."
အိမ်ထဲဝင်လာသော နွေနှင့်စုလှိုင်က လွင့်နောက်သို့ရပ်ကာ ဝင်ပြောသည်။
" နွေ...နင်မသိဘူး..လွင့်တစ်ခုခုဖြစ်မှာစိုးလို့ ငါပြောနေတာ"
" ဒီမှာ...ဩဂတ်စ်...ငါရှိတယ် နင့်မိန်းမ ဘာမှမဖြစ်စေရဘူးကွာ...တစ်ခုခုဆို ငါတာဝန်ခံမယ် ၄လပဲကျန်တော့တာ တက်ခိုင်းလိုက်ပါ"
နွေကလည်း မျက်နှာတည်ကြီးဖြင့် အာမခံနိုင်ကြောင်းပြောနေလေသည်။ လွင်ကလည်း မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့်
" ဒါဆို လိမ်လိမ်မာမာနေပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်မယ်ဆိုရင်တက်ပါ ...အသွားအပြန်က ဩဂတ်စ်လုပ်ပေးမယ်နော် အချစ်"
ထိုသို့ပြောလိုက်မှသာ လွင့်မျက်နှာက အပြုံးပန်းပွင့်တော့သည်။
" အဲလို အလိုလိုက်လို့ကို ချစ်တာ"
ပါးကိုရွှတ်ခနဲနမ်းလိုက်သည့် လွင့်ကြောင့် ဩဂတ်စ်မျက်နှာကပြုံးလျက်။ လူရှေ့တွင် နမ်းလိုက်သောကြောင့် ပိုပျော်နေသည်။ ရှေ့က နွေနှင့်စုလှိုင်ကတော့ ကြည့်လျက်။
" ငါတော့ ရဲရင့်ကိုအဖြေမြန်မြန်ပေးမှပဲ မဟုတ်ရင် ဒီလိုအတွဲတွေ နမ်းနေတာ တစ်ယောက်တည်းကြည့်ရတာ အဆင်မပြေဘူး"
စုလှိုင့်စကားကြောင့် အားလုံးရယ်ကြလေသည်။အဲဒီနေ့က လွင်တို့ကျောင်းသွားကျောင်းပြန်အလုပ်ကို ဩဂတ်စ်က အကုန်လုပ်ပေးသည်။ အပြန်တော့ စုလှိုင်က သူ့ရည်းစားလောင်း ရဲရင့်လာကြိုသဖြင့် ပါသွားသည်။ နွေကတော့ သူ့အဖေ ဆေးရုံတွင် အတွေ့အကြုံယူမယ်ဆိုပြီး သက်သက်ထွက်သွားသည်။ ဩဂတ်စ်တို့နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ ထိုကဲ့သို့ ကျောင်းသွားကျောင်းပြန် လုပ်ပြီး စာမေးပွဲလည်း ဖြေကာ ကျောင်းပိတ်ဖို့နီးလာခဲ့သလို လွင့်ဗိုက်ကလည်း ၅လသို့ရောက်လာခဲ့လေသည်။