တက္ကသိုလ်တက်ချိန်တွင် စုလှိုင်၊ နွေနှင့် လွင်တို့က ဆေးကျောင်းကိုတက်ခဲ့သည်။ သက်ရာနှင့်ဩဂတ်စ်ကတော့ စီးပွါးရေးတက္ကသိုလ်ကိုတက်ခဲ့ကြသည်။ သံစဉ်မောင်ကတော့ ဘူမိဗေဒကိုယူ၍ လရောင်က ရှေ့နေပညာသင်ယူခဲ့သည်။ ဇူလိုင်ကတော့ စိုက်ပျိုးရေးသိပ္ပံကိုယူပြီး ကော်ဖီခြံကိုဦးစီးမည်ဆိုသည်။
ဩဂတ်စ်နှင့်လွင်လည်း နှစ်ယောက်သား အခန်းငယ်လေးတစ်ခုကို ငှါးကာ အတူနေခဲ့ကြသည်။ နေလင်းသစ်ကတော့ ရံဖန်ရံခါ ပြဿနာရှာတတ်သော်လည်း လွင့်ဘေးတွင် အမြဲတမ်း ဩဂတ်စ်ရှိနေပေးခဲ့သည်။
" အချစ်ရေ....ကျောင်းသွားရမှာ ထတော့လေ"
အိပ်ယာထဲတွင် ပိုးတုံးလုံးလေးလို ကွေးနေသော လွင့်ကို ဩဂတ်စ်က နှိုးလိုက်သည်။
" ဘေဘီရော ကျောင်းမသွားဘူးလား.."
" မသွားဘူး အချစ်...ဒီနေ့က အိမ်မှာပဲစာလုပ်မလို့ ...ဆေးကျောင်းသူလေး ထတော့နော် မနက်စာ အဆင်သင့်ပဲ"
" မနက်စာမစားသေးဘူး လေ့ကျင့်ခန်းလုပ်ဦးမယ် လာခဲ့..."
မတ်တပ်ရပ်နေသော ဩဂတ်စ်ကို ကုတင်ပေါ်ရောက်အောင် ဆွဲခေါ်လိုက်သည်။
"......အား အတင်းမကိုက်နဲ့လို့...ခွေးစိတ်ပေါက်နေတာလား မြူနှင်းလွင်..."
——————တစ်နာရီခန့်ကြာပြီးနောက်
" ချီးပဲ....ကိုက်ထားတာနာနေတာပဲ လည်ပင်းကို"
" ဘေဘီကလည်း သာသာလေးကိုက်တာကို ဒါနဲ့ အခုဘယ်နှနာရီရှိပြီလဲ"
" ခုနှစ်နာရီခွဲ"
" နောက်ကျတော့မှာပဲ ရေချိုးတော့မယ်"
မြူနှင်းလွင်တစ်ယောက် ကုန်းရုန်းထကာ ရေချိုးခန်းထဲဝင်တော့သည်။ဩဂတ်စ်ကတော့ အင်္ကျီကြယ်သီးများပြန်တပ်လျက်။
" ထမင်းကြော်က မွှေးနေတာပဲ..ဘေဘီရဲ့အချစ်တွေနဲ့ကြော်ထားလို့များလား"
" တအားကြူးနေတာပဲနော် လွင်....တခြားလူနောက်ပါသွားမှာတောင်ကြောက်နေရတယ် ဒီလိုစကားတွေကြွယ်နေရင်..."
" မပါပါဘူး...ပါစရာလား...ဒီလောက်ချစ်ဖို့ကောင်းတဲ့ ဘေဘီလေးကိုထားသွားစရာလားဟင်"