အချိန်တွေကလည်း မြန်မြန်ကုန်လာခဲ့သည်။ ကျောင်းအားကစားပြိုင်ပွဲလည်းနီးလာခဲ့သလို ဂီတပြိုင်ပွဲလည်းနီးလာခဲ့လေသည်။ လွင်နဲ့မိုးတို့မှာလည်း စာသင်ခန်းတွင်သာ တွေ့တော့သည်။ ကျန်သည့်အချိန်များတွင်တော့ သက်ဆိုင်ရာနေရာများတွင်သာ ကိုယ့်ပြိုင်ပွဲအတွက် အားသွန်ခွန်စိုက်ကြိုးစားနေသည်။ ဖုန်းနဲ့ကတော့ ညတိုင်း အလွမ်းပြေဖုန်းဆက်ကြလေသည်။
တစ်ညတွင် ဩဂတ်စ်မိုးတစ်ယောက် သီချင်းကျင့်နေလေသည်။
Ring.....(phone ring)
" ဟဲလို လွင်"
" မိုး ဘာလုပ်နေလဲ"
" သီချင်းကျင့်နေတာ လွင်ရဲ့ ဘေးမှာ ဇူလိုင်တောင် ဂီတာကူတီးပြီး ကူဆိုပေးနေတာ"
" ဟုတ်လား ယောက်မလေးက မိုးကို ချစ်သားပဲ"
" ဟဲ့ ငါကြားတယ်နော် မြူနှင်းလွင်"
ဇူလိုင်က ဘေးကနေ ဖုန်းနားကပ်ကာ ပြောလိုက်သည်။ ဩဂတ်စ်က လွင်နဲ့ ရောက်တတ်ရာရာပြောရင်း ဝရံတာဘက်သို့ထွက်လာလေသည်။
" မိုး...လွင်လေ နက်ဖြန်ကစပြီး မိုး တို့နဲ့ နှစ်လမ်းခြားလောက်က လွင့်အဒေါ်အိမ်ပြောင်းလာရတော့မှာ အဲကျ မိုးနဲ့ ခဏခဏတွေ့လို့ရပြီ"
" တကယ်လား လွင် တို့တွေ စာလည်းတူတူလုပ်လို့ရပြီ အချိန်တွေပိုလာတော့မှာ"
" ဟုတ်တယ် မိုး"
" မပျော်ဘူးလား လွင်က"
" ပျော်လို့ဆက်တာပေါ့ ဦးလေးဆီကခွင့်ပြုချက်ရတာနဲ့ မိုးကို အရင်သိစေချင်လို့ လှမ်းဆက်တာ"
" လွင် ဒီအတွက် ဘာလုပ်ပေးရမှာတဲ့လဲ"
(လွင်တစ်ခုခုလိုချင်လျှင် ဦးလေးနှင့်အပေးအယူလုပ်ရသည်ဆိုတာကို ဩဂတ်စ်မိုးက လွင်ပြောပြဖူးသဖြင့်သိလေသည်။)" လွင်က စာမေးပွဲတိုင်း အဆင့်(၁)ရအောင်ဖြေရမှာတဲ့လေ"
" လွင့် အတွက် ခက်ခဲတာမှမဟုတ်တာနော် ဒါက လွင်က အမြဲtop(3)ဝင်နေကျပဲကို"
" ဟုတ်တယ် ဘေးမှာ မိုးရှိနေရင် လွင် ဘာပဲလုပ်ရလုပ်ရ အားကိုရှိလို့ ဒီအတွက်......."