" ဩဂတ်စ်ရေ...စိတ်အေးအေးထားဦး ...မြူ အခု ခွဲခန်းထဲမှာ ဆေးရုံကို အရေးပေါ်ရောက်နေတယ် ဗိုက်တအားနာလို့လေ...လကမစေ့သေးဘူးကို"
" အောင်သုခမှာလား"
" ဟုတ်တယ်...တအားစိတ်မပူနဲ့...နွေရော စုလှိုင်ရော လိုက်သွားတယ် ခွဲခန်းထဲကို"
" အခု ပြန်လာခဲ့မယ်"
ဩဂတ်စ်ဖုန်းကို ကပြာကယာချလိုက်ရသည်။ ဇူလိုင်က ဖုန်းဆက်ပြောတော့ ရင် တထိတ်ထိတ်။
လွင်ဘာမှမဖြစ်ပါစေနဲ့လား။တကယ်တော့ ဩဂတ်စ်က သတင်းကိစ္စတစ်ခုကြောင့် နယ်စပ်ကိုရောက်နေခဲ့သည်။ ဝန်ကြီးတစ်ယောက်၏ မယားငယ်နှင့်နေပုံ ဓာတ်ပုံ၊ ဗွီဒီယို သက်သေများကို အလွတ်တန်းသတင်းထောက်တစ်ယောက်က လာရောင်းသဖြင့် ဈေးဖြတ်နေခြင်းပင်။
" ဒီမှာ ကျုပ် သိန်းလေးရာတောင်းတာ သိန်းလေးရာ မရရင် ဒီပုံတွေမရောင်းဘူး"
သိန်းသုံးရာကျော်လောက်နဲ့ ဈေးဖြတ်ချင်သော်လည်း ချက်ချင်းပြန်ရမယ့်ကိန်းပင်။ တောင်းသလောက်သာ ပေးလိုက်တော့မည်။
" ရတယ် သဘောပဲ...ကိုလူမှိုင်း ငွေအိတ်ယူခဲ့ပေးပါဦး"
ရွှေဓားလွင်၏လက်ကျ လူယုံဖြစ်သော လူမှိုင်းက ငွေအိတ်ကိုသယ်လာကာ ပေးလိုက်သည်။
" ကဲ...ကျန်းမာပါစေ ...ချမ်းသာပါစေဗျာ...ဈေးမဆစ်ဘဲ ပေးလိုက်လို့...နောက်များ သက်သေတွေရရင် လာရောင်းပါဦးမယ်"
သတင်းထောက်က memory stickကို ထားခဲ့ကာ ငွေအိတ်ပိုက်လျက် ထွက်သွားတော့သည်။
" ကိုလူမှိုင်း....ဒီရက်ပိုင်း ဒီမြို့မှာ.သစ်မှောင်ခိုထုတ်တဲ့အဖွဲ့ရှိနေတယ်...တအားသိုသိပ်နေတာ သူတို့ကိစ္စတွေစုံစမ်းပြီးမှ ပြန်လာခဲ့နော်...သူတို့ရဲ့ အားနည်းချက်ကိုလည်းရှာခဲ့...ဘယ်ထိုင်ခုံက ဘိုးတော်ခိုင်းတာလည်းရော ရှာခဲ့ပေး...အခု အိမ်ပြန်ဦးမယ်..လွင် ဆေးရုံမှာမို့"
" ဟုတ်ကဲ့ ခေါင်းဆောင်"
ဩဂတ်စ်တစ်ယောက် stick ကိုယူကာ လက်ဆွဲအိတ်တစ်လုံးဖြင့် ရရာ လေယာဉ်စီးကာ ပြန်လာခဲ့လေသည်။