အချိန်တွေ တဖြေးဖြေးကုန်လွန်လျက်၊ ဆယ်တန်းအောင်စာရင်းထွက်ရန် တစ်ရက်အလိုည
အောင်စာရင်းကပ်မည့် အချိန်က မနက်လေးနာရီဆိုသော်လည်း ညကတည်းက ကျောင်းသားကျောင်းသူများရော မိဘများရော ကျောင်းအပေါက်ဝမှစောင့်နေကြသည်။ လက်ဖက်ရည်ဆိုင်များတွင် ထိုင်သူကထိုင် ကားပေါ်ထိုင်စောင့်သူကစောင့်နှင့်ပင်။ လရောင်တို့အုပ်စုကလည်း လက်ဖက်ရည်ဆိုင်တွင် ထိုင်စောင့်နေကြသည်။ ဩဂတ်စ်နှင့်လွင်ကတော့ ကားပေါ်မှာ နှစ်ယောက်တည်း ချစ်ကြည်နူး တစ်တီတူးလျက်။
ဩဂတ်စ်နှင့်လွင်ကတော့ ဆယ်တန်းပြီးကတည်းက တွဲခဲ့ကြသည်။ သူတို့နှစ်ယောက်တွဲသော်လည်း ဘေးမှ သူငယ်ချင်းများက သူတို့မသိအောင်အလောင်းအစားလုပ်ထားကြသည်။ မည်သည့်အလောင်းကစားဟုဆိုသော်
" ငါ့အထင် ဩဂတ်စ်က topပဲကွာ လောင်းရဲတယ်"
လရောင်ခ က စကားစလိုက်သည်။ စောသက်ရာက လက်မထောင်ပြလျက် ထောက်ခံသည်။ စုလှိုင်ကတော့ ခေါင်းတရမ်းရမ်း။" မဟုတ်ဘူး မြူနှင်းလွင် top သူက ဩဂတ်စ်တောင် ချီနိုင်တယ်လေ နွေ့အမြင်ပဲ"
ထိုစကားကိုတော့ နွေက လရောင်ခကိုကြည့်ကာ မှန်သည်ဟု ထောက်ခံလိုက်သည်။" ဒါဆို လောင်းမယ် ရှုံးတဲ့လူ နက်ဖြန် ရုပ်ရှင်လိုက်ပြကြေး ဘယ်လိုလဲ"
" ရတယ် စိန်လိုက်"
" ဒါဆို ငါနဲ့ ရာရာက ဩဂတ်စ်ကtopဆိုတဲ့ဘက်က လောင်းမယ်"
" ဒါဆို ငါနဲ့နွေက မြူနှင်းလွင် top နေဦး ငါတို့က လောင်းနေတာ အဲဒါကို ဘယ်လိုဆုံးဖြတ်မှာလဲ"
" အေး...ဟုတ်သား"
လေးယောက်သား ခေါင်းချင်းဆိုင်နေစဉ်
" ဇနက မင်းသား အရေးကြုံတော့ မေခလာပေါ်တယ် နင်တို့အရေးကြုံတော့ သံစဉ်မောင် ပေါ်လာတော့မယ်"
စပ်ဖြီးဖြီးဖြင့် လက်ဖက်ရည်ဆိုင်ထဲဝင်လာသော သံစဉ်မောင်ကို နွေက နှုတ်ဆက်သည့်အနေဖြင့် ဆီး၍ ကျောကုန်းကိုတစ်ချက်ရိုက်လိုက်သည်။
" မသာမ...နာတယ်ဟ ဖြေးဖြေးရိုက်၊ နင်တို့ကိုလည်း ငါဆုံးဖြတ်ပေးဦးမှာကို"