သုံးလခန့်ကြာသော်
မနက်မိုးလင်းတော့ လွင်လည်း လုပ်စရာရှိတာလုပ်ကာ ကျောင်းသို့သွားတော့သည်။ ဩဂတ်စ်ကတော့ ကျောင်းထက် အလုပ်ကိုသာ ပိုလုပ်ချင်သူမို့ ကျောင်းခေါ်ချိန်ပြည့်ရုံသာတတ်သည်။ အခုလည်း သူထောင်ထားတဲ့ ဖုန်းဆိုင်ဆီကို သွားတော့သည်။
ဖုန်းဆိုင်သို့အသွားတွင် ကားအမဲရောင်၂စီးက ရှေ့နောက်ညှပ်ကာ ပိတ်လိုက်သည်။ ဩဂတ်စ်မောင်းလာတဲ့ဆိုင်ကယ်မှ အလယ်တွင်ရပ်လျက်။ ရန်ပြုမည့်လူလားဟုတွေးလိုက်မိသေးသည်။ ကားပေါ်က ဆင်းလာသူတွေ့မှသာ သက်ပြင်းချနိုင်လေသည်။
" ဟာ..ဦးလေး"
" မဟာနဲ့ ...အခု ငါ့နောက်လိုက်ခဲ့ အရေးကြီးတာပြောစရာရှိတယ်"
" ဖုန်းဆိုင်သွား..."
" မသွားနဲ့ဦးလို့ မင်းကိုတားနေတာလေ ...ဒီမှာ မင်းနဲ့ ငါ့တူမနဲ့က လက်မထပ်ရသေးဘူးနော် အချိန်မရွေးပြန်ခေါ်မှာ ငါ့တူမကို"
" လိုက်ခဲ့မယ်...ရှေ့ကမောင်း"
" အဲလိုလုပ်"
ရွှေဓားလွင်စီးလာသည့်ကားက မြို့အစွန်ရှိ အိမ်ကြီးတစ်လုံးအရောက်တွင် ရပ်လိုက်သည်။ ကားဖြတ်သွားသံသာ တစ်ခါတစ်ခါကြားရသည်။ လုံးဝကိုတိတ်ဆိတ်လျက်။ ဩဂတ်စ်တစ်ယောက်လည်း လန့်လာကာ သတိကပ်လျက်ပင်။ ရွှေဓားလွင်က ဒါကို သဘောပေါက်သည့်ပုံဖြင့် ပစ္စတိုသေနတ်ကို ပေးလိုက်သည်။
" ရော့...ငါ့မယုံရင် ယူထား..ကျည်လည်းအပြည့်ပဲ"
လှမ်းယူပြီး ကျည်ကိုစစ်လိုက်သည်။ အိမ်ကြီးထဲတွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံ၂ခုချထားသည်။
" ထိုင် ဩဂတ်စ်"
" ဟုတ်ဦးလေး"
" ငါပြောစရာရှိတာ ပြောမယ်"
" ဟုတ်"
ရွှေဓားလွင်က သူ့တပည့်တွေအကုန်လုံးကို အိမ်ထဲမှထွက်စေလေသည်။
" ငါပြောမယ်...ငါ့ဂိုဏ်းကနေ ငါအနားယူတော့မယ်"
" ယူလေ..အဲဒါ ဩဂတ်စ်နဲ့ဘာဆိုင်လို့လဲ"
" ဆိုင်လို့ပြောနေတာ မအေဘေးလေးရဲ့"
" ဟေ့လူ..ခင်ဗျားမဆဲနဲ့ ..ယောက္ခထီးဖြစ်သေးတာမဟုတ်ဘူး..ပစ်သတ်လိုက်မယ်"