" မာမား..သားကို တိမ်လွှာရိုက်တာ"
ဒီပါလေးက အပြေးလာပြီး ဩဂတ်စ်ရင်ခွင်ထဲဝင်ကာ တိုင်လေသည်။
" သားသားကို ရိုက်တာလား..ကဲ လာလာ"
ဩဂတ်စ်က ဒီပါလေးကိုပွေ့ချီကာ သူတို့နှစ်ယောက်အခန်းထဲကို ရောက်လာလေသည်။ အခန်းထဲတွင် တိမ်လွှာက သူမဟုတ်သည့်နှယ် အေးဆေးလေးထိုင်ကာ ABCDရွတ်နေလေသည်။
" မီးမီး...မီးမီးလေးက အကိုကြီးကိုရိုက်လိုက်တယ်ဆို"
" အကိုကြီးမှမဟုတ်တာ...မီးမီးသိတယ်...မာမားနဲ့ တီဇူလိုင်လိုအမြွှာတွေပဲလေ"
" မီးမီး...မာမားက ဇူလိုင်ကို အစ်မလိုဆက်ဆံတာလေ"
" ဟုတ်ကဲ့"
" ဒီတော့ ဒီပါကိုလည်း ကိုယ့်အကိုလို ဆက်ဆံ"
" ဟုတ်ကဲ့...နောက်မရိုက်တော့ပါဘူး...အတိုကြီး"" အကိုကြီးလေ..နင်စကားမပီဘူးလား"
" မပီဘူး အတိုကြီး"
" ကဲ ..ဒီကလေး၂ယောက်တော့ မင်းတို့မေမေပြန်လာလို့ ရန်ဖြစ်တာတွေ့ရင် မာမားလည်းမထိန်းနိုင်ဘူးနော်...မာမားကိုသနားရင် ရန်မဖြစ်နဲ့နော်...မေမေက မာမားကိုဆူတာ သားသားတို့မီးမီးတို့က မြင်ချင်လား"
" မြင်ချင်သလိုလို...မမြင်ချင်သလိုလို"
" ဒီကလေးတွေ စကားတော်တော်တတ်နေကြ...ငြိမ်ငြိမ်လေးဆော့ မာမား အလုပ်တွေပြီးသေးတာမဟုတ်ဘူး"
" ဟုတ်"
ကလေး၂ယောက်ကိုတည့်အောင်နေခိုင်းထားပြီး ဩဂတ်စ်တစ်ယောက် အလုပ်စားပွဲကိုပြန်လာခဲ့လေသည်။ ဒီဘက်နှစ်တွေထဲမှာ ဦးရွှေဓားလွင်လည်း အမေရိကကို ထွက်သွားခဲ့ပြီ။ ဩဂတ်စ်တို့မိသားစုက ဦးရွှေဓားလွင်၏ အိမ်တွင်သာ နေခဲ့လေသည်။ အချိန်တွေကကြာလှချေပြီ။ အမြွှာလေးတွေတောင် ငါးနှစ်အရွယ်ရောက်နေလေပြီ။ ဦးလေးဝေဖြိုးနဲ့ အန်ကယ်ဝမ်တို့ နှစ်ယောက်ကတော့ ဘွားဘွားကြီးဆုံးသည်နှင့် နှစ်ယောက်သား ရာသက်ပန် ဘုန်းကြီးဝတ်သွားလေသည်။
လုပ်ငန်းပိုင်းအရရောကြောင့် ဩဂတ်စ်က အိမ်မှာနေ၍ အကုန်လုံးကို အုပ်ချုပ်သည်။ လူယုံတွေထားပြီး စီးပွါးရေးမှန်သမျှကို ခွဲဝေကာ လုပ်ခိုင်းထားသည်။ သတင်းတွေလည်း အလျင်းသင့်သလို ဝယ်လိုက်စုလိုက် သယ်လိုက်လည်း လုပ်ပေးတတ်သည်။ များသောအားဖြင့် ဆေးများဘယ်နေရာတွင် အရောင်းအဝယ်လုပ်မည်ကိုသိလျှင် ဩဂတ်စ်တို့ဂိုဏ်းက နေရာအတိအကျဖြင့် စုံစမ်းရေးကိုပို့ပေးလေသည်။