I

1.2K 127 30
                                    


စက်တင်ဘာလ၏ပထမဆုံးသော မနက်ခင်းတွင်ဖြစ်သည်။

ဆောင်းဦးပင်ဖြစ်၍ သိပ်မအေးသောငြား မနက်စောစောဖြစ်သောကြောင့် အအေးပိုနေသည်။

ကုတ်အင်္ကျီအိပ်ကပ်ထဲထိ ဝင်ရောက်လာတဲ့ လိမ္မော်ညိုရောင် မေပယ်လ်ရွက်တွေကို ခါထုတ်ရင်း အမေတို့‌နောက်ကိုဂျော်နီအမှီလိုက်ရင်း ဘူတာရုံထဲသို့ ဦးတည်ခဲ့သည်။

မိဘနှစ်ယောက်တွန်းလာသော လက်တွန်းလှည်းပေါ်တွင် လှောင်အိမ်ကြီးနှစ်ခုရှိနေပြီး ဇီးကွက်များ၏အတောင်ပံ ခက်သံတဖျက်ဖျက်ဖြင့် ဘူတာရုံကိုပိုလို့ဆူညံသွားစေသည်။

သူတို့ကိုအထူးအဆန်းကြည့်နေကြတော့ မက်ဂဲလ်များကို‌ ဂျော်နီလစ်လျူရှုရင်း စင်္ကြံအမှတ်ကိုးနဲ့ တစ်ဆယ်ကြားကို ဦးတည်လာခဲ့သည်။

"သားတို့ အမေသားတို့ဆီ‌ နေ့တိုင်းစာရေးမယ်နော်"

အမေကတွန်းလှည်းကို ဂျော်နီကိုကမ်းပေးရင်း‌ဆိုသည်။

အီဗန်၏မကျေနပ်ညည်းတွားသံက ဂျော်နီ၏တီးတိုးရေရွက်သံနဲ့အတူ တပြိုင်နက်ဖြစ်ပေါ်လာသည်။

"ကလေးလည်းမဟုတ်တော့တာကို"

ဂျော်နီ့အပြောကိုအီဗန်ကလည်းထောက်ခံသည်။

"နေ့တိုင်းမရေးပါနဲ့....လူတော်တော်များများကအိမ်ကစာကို တစ်လတစ်ခါလောက်ပဲရတာ..."

သို့ရာတွင် အီဗန်တစ်ယောက် သူ့အမေ၏မျက်လုံးများနှင့်ရင်ဆိုင်တွေ့ကာ တိတ်ဆိတ်သွားသည်။

ဂျော်နီတို့၏အမေသည် မက်ဂဲလ်ပင်ဖြစ်ငြား စုန်းတစ်ကောင်ဖြစ်သော အဖေ့ထက် ဟော့ဝဂ်အကြောင်းပိုသိနေသလိုပင်။

"သားပထမနှစ်တုန်းက သားဆီကို အမေတို့နေ့တိုင်းစာတည့်တယ်"

အီဗန်ကဟိုဟိုဒီဒီတစ်ချက်ကြည့်ပြီးနောက် အဖေ့လက်ထဲကတွန်းလှည်းကိုယူကာ ပြေးသွားရင် မကြာခင်မှာ ပျောက်ကွယ်သွားသည်။

ဂျော်နီလည်း လှည်းကိုတွန်းကာအရှိန်မြှင့်လိုက်သည်။

နံရံရှေ့အရောက်တွင် မျက်လုံးမှိတ်သော်လည်း မည်သည့်အရာနှင့်မှမတိုက်မိပဲ စင်္ကြံအမှတ် ကိုး လေးပိုင်းသုံးပိုင်းသို့ တစ်မိသားစုလုံးရောက်လာကြသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now