II

532 100 4
                                    

ဟော့ဝဂ်ရဲ့ ထုံးတမ်းစဉ်လာ အတိုင်း စာသင်နှစ်အစမှာ အဆောင်အားလုံးကကျောင်သား၊ကျောင်းသူတွေ အကုန်စုဝေးနှုတ်ဆက်ကြရသည်။

ဆရာ၊ဆရာမ အသစ်တွေကိုမိတ်ဆက်ပေးပြီး အဓိကအရေးကြီးဆုံးအချိန်ကိုကျရောက်လို့လာသည်။

ကျောင်းသား‌သစ်လေးများကို အဆောင်ရွေးဦးထုတ်ဖြင့် အဆောင်ခွဲပေးခြင်းဖြစ်သည်။

ဂျော်နီတို့လိုကျောင်းသားဟောင်းများအတွက်တော့ အထူးအဆန်းမဟုတ်ဘဲ မိမိအဆောင်ကိုရောက်လာသော ပထမနှစ်လေးများကို လက်ခုပ်တီးကြိုဆိုရန်သာရှိသည်။

ယခင်နှစ်တွေတုန်းကလိုပင်...

ကျောင်းသားတော်တော်များများသည် ဂရစ်ဖင်းဒေါ့ နှင့် ဟာ့ပါပက်ခ်တို့ဆီမှ အရွေးချယ်ခံရပြီး တချို့သည်တော့ ရေဗင်ကလောထံသို့ ရောက်ကျပြီ စလေသရင်းအဆောင်မှ ရွေးချယ်ခံရသူများသည် စုစုပေါင်းကိုးဦးသာရှိလေသည်။

ထို့နောက်ကျောင်းအုပ်ကြီးမှ တစ်နှစ်ပတ်လုံးကို အမှတ်‌စည်းမျဉ်းဖြင့်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

ပရော်ဖက်ဆာတွေက မိမိပြုလုပ်သမျှအ‌ကောင်းအဆိုးတို့‌အပေါ်မူတည်၍ မိမိ ၏အဆောင်ကိုအမှတ်ပေးခြင်း အမှတ်လျှော့ခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီးသည်။

နှစ်ကုန်တွင်အမှတ်အများဆုံးအဆောင်က တစ်နှစ်တာအကောင်းဆုံးဖလားကိုရရှိမည်ဖြစ်သည်။

ယခင်နှစ်တွင်ဖလားကို ရေဗင်ကလောမှရရှိခဲ့ပြီး ဒီ‌နှစ်တစ်နှစ်ပတ်လုံး ကျောင်း၏နေရာအနှံ့တွင် ရေဗင်ကလော၏အပြာရောင်သိမ်းဌက်အလံများကိုချိတ်ဆွဲထားမည်ဖြစ်သည်။

ကျောင်းသားအားလုံး မိမိတို့အဆောင်အလိုက်ထိုင်ကြရပြီး ညစာစားကြသည်။

စလေသရင်း၏စားပွဲမှာ ထုံးစံအတိုင်း တီးတိုးစကားသံများသာရှိပြီး ဇွန်းသံပန်းကန်သံကအစတိတ်ဆိတ်နေသည်။

ထိပ်ဆုံးဘက်တွင်ထိုင်နေသော စ‌လေသရင်း၏ကျောင်းသားခေါင်းဆောင် အီသန်၏ဘေးတွင် အဖြူရောင်မက်ဖွိုင်းအသေးလေးကိုတွေ့ရသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now