XI

495 79 29
                                    

ဝီလီယမ့် ခန္ဓာကိုယ်လေးသည် ဆက်ခနဲတုန်လှုပ်သွားသောငြား ရုန်းကန်လာခြင်းတော့ မရှိတာမို့ ဂျော်နီပို၍တတ်ကြွလာသည်။

'ဘာလုပ်တာလဲ'ဟူသောအကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်လာပေမယ့် ဝီလီယမ်၏ မျက်လုံးထောင့်စွန်းများက တုန်လှုပ်နေသည်။

ဂျော်နီမှာပို၍ပင်ရဲတင်းလာပြီး ဝီလီယမ်၏လက်ချောင်းများကို မိမိနှုတ်ခမ်းနားသို့ ထိကပ်ထားလိုက်သည်။

ဝီလီယမ်၏ အစွန်းဘက်တော့ကျဉ်းမြောင်းများသော မျက်ဝန်းများသည် ခပ်ကျယ်ကျယ်အဖြစ်ဝိုင်းစက်သွားသည်။

ယနေ့ညတွင် ကြယ်များကိုမတွေ့ရခြင်းမှာ လပြည့်ညဖြစ်၍ အရောင်မှိန်နေခြင်းသက်သက်ဟုတ်ပုံမရ။

မူလတည်ရှိနေရာ ကောင်းကင်မဟုတ်ဘဲ ဝီလီယမ်မယ်လ်ဖွိုင်းလေး၏ မျက်ဝန်းတွေထဲ ရောက်နေပုံရသည်။

"ကျွန်‌တော်...ကျွန်တော်မူးနေတာ"

ခပ်လှုပ်လှုပ်ဖြစ်လာသော ဝီလီယမ့် နှုတ်ခမ်းများသည် ဂျော်နီ၏အပြောကြောင့် ပြန်လည်ငြိမ်သက်သွားသည်။

ဂျော်နီ့ကို အကဲခက်လာသော အကြည့်များကို ခပ်ဖော့ဖော့ အပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။

လက်ဖဝါးလေးကိုမူ အလွတ်ပေးခြင်းမရှိဘဲ ဂျော်နီ့ပါးဖြင့် ထိထားလိုက်သည်။

"မူး...မူးနေရင်ပြန်တော့..ငါကရတယ်"

"မပြန်ဘူး"

ဂျော်နီကပြန်ခံပြောသည့် အခါ ဝီလီက အံဩတကြီးကြည့်လာသည်။မျက်ခုံးများကလည်း အလိုမကျဟန် တွန့်ချိုးလျက်သား။

"ဟိုဟာ..မပြန်ချင်ဘူးလို့ နေချင်လို့..ဝီလီယမ့်ဘေးမှာ"

ဂျော်နီမှာ အနည်းငယ် အရှက်မရှိဟု ကိုယ့်ဟာကိုယ်ခံစားလိုက်ရသည်။ထားလိုက်ပါတော့...သူကအခုမူးနေတာပဲလေ ဟုတ်တယ်မလား။

ဝီလီယမ်သည် မျက်နှာအမူအရာပြောင်းလဲခြင်းမရှ် အကြည့်လွှဲသွားသော်ငြား နီရဲရဲ နားရွက်ဖျားများကို ဂျော်နီ အသေအချာကို တွေ့နေရသည်။

"ကြည့်..ဝီလီယမ်..ကျွန်တော့်ကိုကြည့်"

ဂျော်နီသည် ဝီလီယမ့်ပါးများကိုဆွဲကိုင်သည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now