III

564 106 21
                                    

"အာ အဲ့ဒါဆို ငါနားကြားလွဲသွားတာပဲဖြစ်မယ် မှတ်စုထဲမှာအဲ့လိုမှတ်ထားမိတာ"

"အင်း...ဟုတ်မယ် ဟုတ်မယ်"

ဝီလီယမ်က တည်တည်ငြိမ်ငြိမ်ထိုင်ရင်း စားပွဲခုံပေါ်ကဌက်မွှေးတောင်ဖြင့် မှတ်စုကိုပြင်ရေးနေသည်။

ဝီလီယမ်၏အပြုအမူတိုင်းသည် အနှေးကွက်ပြထားသလို သေသေသပ်သပ်ဖြစ်သည်။

စားပွဲခုံ၏တစ်ဖက်တွင်တော့ ဂျော်နီက မီးခဲကို ဖင်ခုထိုင်ထားရသလို သေချာဖင်ချ၍တောင်မထိုင်နိုင်ပါ။

စာကြည့်တိုက်ထဲက လူမှန်သမျှ၏ အကြည့်တွေသည် သူ့ထံစုပုံကျနေသလိုခံစားနေရပြီး ဒါကအတော်မသက်မသာခံစားရစေသည်။

"ဂျော်နီ...ယန်း? ဟုတ်တယ်မလား"

မျက်လုံးမှေး၍ကြည့်နေသော ဂျိတ်ခ်ကို ဟီးခနဲပြုံးပြရင်း ဝီလီယမ့်ထံမှ သူ၏နာမည်ကိုကြားလိုက်ရသောကြောင့် ဂျော်နီ့မှာတုံ့ခနဲ။

"ဟုတ်...ဟုတ်ကဲ့..."

"ငါ့ကိုဒါလေးစစ်ပေးမလားဟင်...ထပ်ပြီးလွဲနေမှာစိုးလို့"

ဂျော်နီ့အရှေ့မှ ဝီလီယမ်သည် အညိုရောင်မှတ်စု စာအုပ်လေးကို သူ့ကိုလှမ်းပေးနေသည်။

"နော်"

မာလင်ရေ...မာလင်ရေ..ကယ်ပါဦးဗျာ...
တစ်မိုးအောက် ဝီလီယမ်မယ်လ်ဖွိုင်း က နော် တဲ့....

"ဟုတ်..ဟုတ်ကဲ့"

စားပွဲခုံအောက်မှလက်ကို မနည်းထုတ်လိုက်ပြီး စာအုပ်ကိုဆွဲယူလိုက်သည်။

စာရွက်ထဲက စာလုံးများက ဝေဝါးနေတာကြောင့် မနည်းအာရုံစိုက်ကြည့်နေရသည်။

ဂျိတ်ခ်အပါအဝင် တခြားသူတွေက သူ့ကိုကြည့်နေကြမှာသေချာ‌နေသည်။

"ပြီးတော့ ယဉ်ယဉ်ကျေးကျေးပြောမနေပါနဲ့ ငါတို့ရွယ်တူပဲကို ပြီးတော့ သုံးနှစ်တောင်အတူတူစာသင်ခဲ့တာလေ"

မနောက်ပါနဲ့ကွာ...အဲ့သုံးနှစ်လုံးစကားမပြောခဲ့ဖူးတာလဲ ထည့်တွက်ဦးလေ...

"‌ဪ ဒါနဲ့ အပျံသင်ခန်းစာအတန်းကိုမတတ်ဘူးလား"

ဟုတ်သားပဲ..‌မှော်ဆေးရည်အတန်းပြီးရင် ဒုတိယအချိန်က အပျံသင်ခန်းစာအတန်းဖြစ်သည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now