ကွစ်ဒစ်ရှ်ဂယက်ပြီးသွားတဲ့ အတော်လေးကြာသွားပြီးနောက် ငါးနှစ်တစ်ကြိမ်ကျင်းပသည့်မှော်ဆရာသုံးဦးပြိုင်ပွဲကာလသို့ရောက်ရှိလာသည်။
ယခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပမည့်ကျောင်းသည် ဟော့ဝဂ်ပင်ဖြစ်သည်။
မှော်ဆရာသုံးပြိုင်ပွဲဆိုသည်မှာ ကျောင်းတစ်ကျောင်းဆီမှ ကျောင်းသားတစ်ဦးဆီ ရွေးချယ်၍ ယှဉ်ပြိုင်ရသော ချစ်ကြည်ရေးပွဲတစ်ခုဖြစ်သည်။
ပြိုင်ပွဲဝင်များသည် အန္တရာယ်ရှိသည့် အရာများကို ကျော်ဖြတ်ကာ တစ်ယောက်နှင့်တစ်ယောက်ယှဉ်ပြိုင်ကြရသည်။
ချစ်ကြည်ပွဲဟုဆိုသော်လည်း ကျောင်းတွေအချင်းချင်း အားပြိုင်ကြသည့်ပွဲလည်းဖြစ်သော်ကြောင့် ခက်ခဲကြမ်းတမ်းမှုအဆင့်မှာ အလွန်မြင့်လှပြီး အသေအပျောက်များလည်းရှိသေးသည်။
အနိုင်ရရှိသူမှာ ဖလားတစ်လုံး၊ဂါလီယွန် တစ်ထောင်နှင့် ကျောင်းအတွက်အနှိုင်းမဲ့ဂုဏ်ကိုဆောင်နိုင်မည်ဖြစ်သည်။
တစ်ခုသောရက်တွင် ဟော့ဝဂ်၏ခန်းမကျယ်ကြီးတွင် ကျောင်းသားများအားလုံး စုဝေးကြရသည်။
ဂျော်နီ ဝီလီယမ့်ကိုရှာကြည့်တော့ စလေသရင်းစားပွဲထိပ်က အီသန်လီဘေးတွင်တွေ့သည်။
ဝီလီယမ်လည်း ခန်းမထဲဝေ့ဝဲကြည့်ပြီးမှ ဂျော်နီဆီအကြည့်ရောက်လာကာ သူ၏မူပိုင်အပြုံးဟုဆိုနိုင်သော မျက်နှာအမူအယာနှင့် နှုတ်ဆက်လာသည်။
ဂျော်နီမှာ ကသိုက်ကရိုက် ပြန်လည်ပြုံးပြလိုက်ပြီးမှ အကြောင်းမဲ့ အပျိုဖြန်းလေးလို ရှက်သွေးဖြာလာကြောင်းကို ကိုယ့်ဟာကိုယ်သတိထားမိသွားသည်။
တံခါးဝကိုတကြည့်ကြည့်နှင့် အခြားကျောင်းကသူများအလာကိုသာ လည်ပင်းရှည်ထွက်မတတ် စောင့်ကြည့်နေသော ဂျိတ်ခ်ကိုပင် သူ့ကိုကြည့်နေသည် အထင်နှင့် မလုံမလဲကြည့်မိလေသည်။
ကျောင်းအုပ်ကြီးစီရင်ထားသည် မှော်မျက်နှာပြင်ကြီးတွင် ဟော့ဝဂ်၏ အနီးရှိရေကန်ကြီးကိုပြထားသည်။
ခဏအကြာတွင် ငြိမ်သက်နေသောရေမျက်နှာပြင်တွင် လှိုင်းများထလာကာ မငြိမ်မသက်ဖြစ်လာသည်။
YOU ARE READING
ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓
أدب الهواةBrilliant Gryffindor Jonny Yang × Elegant Slytherin William Malfoy Written in Burmese By Choco_Milkshake