IX

421 79 5
                                    

ကပွဲနေ့တွင်ဖြစ်သည်။ဂျော်နီမှာ အခုထိပင်ပါတနာမရ‌သေးသောကြောင့် သူနှင့်ဘဝတူလူများရှိတာ ခန်းမ၏ထောင့်နေရာတွင် နေရာယူနေရသည်။

ဝီလီယမ့်ကတော့ ဟပ်ပါပါ့ခ်က ဘမ်ဂျမင်ပတ်ခ်နှင့် အတူပွဲတတ်လာသည်။

ဒါကလူတိုင်းခန့်မှန်းထားကြ‌သည့်ကိစ္စဖြစ်သည်။ဘမ်ဂျမင်ကအရွေးချယ်ခံရသူမို့ ကပွဲအလယ်ကူပင်ဖြစ်သည်။သူ့၏ ပါတနာသည် ဝီလီယမ်ဖြစ်ခြင်းမှာ ဖြစ်သင့်သည်ပင်။

မဖြစ်သင့်သည်များလည်းရှိသေးသည်။

ဂျိတ်ခ်ရှင်းသည် ဂျေးပတ်ခ်နှင့်အတူပွဲတတ်လာသည်!!!

ဂျေးပတ်ခ်မှာ ဖိတ်စာများကို မျက်စိမှိတ်၍ ရွေးလိုက်ပုံပေါ်သည်။

နောက်ထပ် ပိုဆိုးသည်မှာ ဂျော်နီ့အစ်ကို အီဗန်ပင်ဖြစ်သည် ကပွဲမတိုင်ခင် တစ်ရက်ကထိ ဂျော်နီနှင့်အတူယောင်လည်လည် ဖြစ်နေရာမှ အခုတော့ ပါတနာရသွားလေသည်။

ထို့အပြင် သူ၏ပါတနာမှာ ဝီလီယမ်မယ်လ်ဖွိုင်း၏ တစ်ဦးတည်းသော အစ်မဖြစ်‌သူ လူနာမယ်လ်ဖွိုင်းဖြစ်သည်။

ဝီလီယမ့်လိုပင် အဖြူရောင်ဆံပင်များရှိသည်။ရေဗန်ကလော ကဖြစ်ပြီး မယ်လ်ဖွိုင်းဟူသော မျိုးရိုးနာမည်ကလွဲပြီး သူ့အမေ၏စရိုက်ပုံစံများကိုသာ လက်ခံရရှိထားသည်။

မောင်ဖြစ်သူ ဝီလီယမ်နှင့်လည်း မဆိုးလှသော မောင်နှမဆက်ဆံရေးရှိသည်။

"အီဗန် မင်းသွေးသန့်စုန်းတစ်ကောင်နဲ့သာ လက်ထပ်ဖြစ်ခဲ့ရင် ငါတို့ဘိုးဘေးတွေ သေရာကနေထလာလိမ့်မယ်"

ဂျော်နီကခပ်ကြိတ်ကြိတ်ပြောတော့ အီဗန်က နှာခေါင်းရှုံ့ကာထွက်သွားသည်။

အထူးဆန်းဆုံးကိစ္စတစ်ခုကဖန်နေသေးသည်။ထိုသည်မှာ ဂျော်နီတို့ တစ်ကိုယ်တည်းသမားများရှိရာ စားပွဲတွင် အီသန်လီ ရှိနေသည်!!!

မိုးကြိုးပစ်မည့်ကိစ္စပင်။

အီသန်လီက တွဲစရာမရှိဘူးပေါ့လေ??

ဂျော်နီမှာ ဝိုင်ကိုသာဖိသောက်လိုက်သည်။

အဖွင့်သီချင်းသည် အရွေးချယ်ခံရသော သူများအတွက်ဖြစ်ပြီး ပါတနာများနှင့်တွဲကကာ ပွဲကိုဖွင့်ပေးရသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now