မှော်ဆရာပြိုင်ပွဲကိုတစ်ကျောင်းက စိတ်ဝင်စားနေကြသည် ဆိုသော်လည်း ပြိုင်ပွဲအတွင်းပြိုင်းပသော ကပွဲသည်တော့ အားလုံးပါဝင်ဆင်နွှဲခွင့်ရဆယ်ကျော်သက်အရွယ်များဖြစ်၍ အထူးပင်အလေးထားကြသော ရည်းစားထားခြင်းအမူကို ပြုလုပ်နိုင်သည့်အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
ကပွဲကို မိမိနှစ်သက်ရာ တွဲဖက်ဖြင့်တတ်ရောက်နိုင်ပြီး မှော်ဆရာပြိုင်ပွဲမှ အရွေးခံထားရသူများနှင့် သူ၏တွဲဖက်သည် ပွဲ၏ အထူးအာရုံစိုက်ခြင်းကိုခံရမည်ဖြစ်သည်။
ဂျော်နီသည် နောက်စုမှတ်စုကိုအပြီးသက်ရေးလိုက်ပြီးနောက် စာရေးခုံပေါ်မှထလိုက်သည်။
ဆိုဖာပေါ်တွင် စာအုပ်များဖြင့် အတော်လေးနစ်မြှုပ်နေပုံရသော ဂျိတ်ခ်ကို တွေ့သော ဂျော်နီအနည်းငယ်အံ့ဩသွားသည်။
စာအုပ်များထဲမှတစ်အုပ်ကို လှမ်းယူ၍ အဖုံးကိုဖတ်ကြည့်လိုက်တော့ ဝတ္တုစာအုပ်ဖြစ်နေလေသည်။
"ဂျိတ်ခ်...မင်းဘာလုပ်နေတာလဲ"
အသက်ရှုအောင့်ရင်း စာရေးနေသော ဂျိတ်ခ်သည် အတန်ကြာမှ သူ့ကိုလှည့်ကြည့်လာသည်။
"ရည်းစားစာ ရေးနေတာ"
ဂျိတ်ခ်၏ ကြိုးစားအားထုတ်မှုများသည် ရည်းစားစာလှလှတစ်စောင်ရရုံမျှသာဖြစ်ကြောင်းသိလိုက်ရသောအခါ ဂျော်နီ စိတ်လေသွားလေသည်။
နေဦး..တစ်စောင်ထဲမှ မဟုတ်တာပဲ...ဂျိတ်ခ်၏ဘေးတွင် ကြိုးလေးဖြင့် သပ်သပ်ရပ်ရပ်ချည်ထားသော စာရွက်လိပ်လေး သုံး၊လေးခုရှိနေသည်။
"ဘယ်သူ့ကိုလည်း တစ်ယောက်ယောက်ရှိလို့လား"
ဂျော်နီက မျက်ခုံးပင့်ကမေးတော့ ဂျိတ်ခ်က ခေါင်းခါရင်း တဟီးဟရယ်ပြလာသည်။
"ရည်းစားစာ အဆင့်ထိတော့ မဟုတ်သေးပါဘူးကွာ..ဖိတ်စာသဘောမျိုးပေါ့ ကပွဲတွက်လေ"
ထိုအခါမှ ဂျော်နီသည် ကပွဲအကြောင်းတွေးမိသွားတော့ စိတ်ရှုပ်ကာ ခေါင်းကုပ်လိုက်သည်။
ကပွဲတွင် တွဲဖက်များကိုကမ်းလှမ်းကာ၌ လူကိုယ်တိုင်မေးလိုက်သည်က ပိုပြန်ပြ ရိုးရှင်းသောနည်းဖြစ်သော်ငြား မိမိတွင်ထိုကဲ့သို့သတ္တိမျိုးမရှိပါက ဖိတ်စာဖြင့်ကမ်းလှမ်းနိုင်သည်။
YOU ARE READING
ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓
FanfictionBrilliant Gryffindor Jonny Yang × Elegant Slytherin William Malfoy Written in Burmese By Choco_Milkshake