XVIII[Finale]

757 96 9
                                    

ဟော့ဝဂ်၏ စာသင်နှစ်အသစ်တစ်နှစ်သည် စတင်လေပြီ။

ဝီလီယမ်တို့မှာ ပဉ္စမနှစ်များဖြစ်လာ‌သောကြောင့် O.W.L စာမေးပွဲကိုဖြေဆိုရတော့ဖြစ်သည်။

နှစ်ဆုံးမှဖြေဆိုရမည်ဖြစ်သော်လည်း ဆဌမနှစ်တွင်ယူရမည့်အထူးပြုဘာသာအပြင် ကျောင်းပြီးသည်နှင့် လျှောက်လှမ်းရမည့် အသက်မွေးဝမ်းကြောင်းလျှောက်ထားခွင့်အတွက်ပါ မူတည်နေသောကြောင့် အရေးကြီးလွန်းလှသည်။

ယခုနှစ်တွင် ပဉ္စမနှစ်နှင့် အကြီးပိုင်းကျောင်းသားများသည် အငယ်တန်းများထက် တစ်ပတ်စော၍ကျောင်းကိုလာရသည်။

အရင်နှစ် ပဉ္မနှစ်ကျောင်းသားများ၏ O.W.L ရလဒ်များသည် စိတ်ကျေနပ်စရာသိပ်မရှိဟု ကျောင်းအုပ်ကြီးကထင်သောကြောင့်ဖြစ်သည်။

ဟိုးအရင်နှစ်ကအီသန်သည် ဘာသာရပ်ဆယ့်နှစ်ခုရှိရာတွင် Oဆယ်ခု Eတစ်ခုရခဲ့သော်လည်း မယ်လ်ဂယ်လေ့လာရေးဘာသာရပ်ကိုတော့ ကျခဲ့လေသည်။

ဂျေးသည်တော့ O‌ ခြောက်ခု Eသုံးခု A တစ်ခုနှင့် ဆယ်ဘာသာကိုအောင်ခဲ့သည်။

ဂျေး၏ရလဒ်မှာလည်း သိပ်မဆိုးဟု ပြောရလောက်အောင် တိုးတတ်လာသည်။ရည်းစားလေးရလာတော့ သူ့အဖေဆီကအကောင်းမြင်ခံချင်လို့ဆိုပြီး ဇွတ်ကြိုးစားတာလေ။စာမေးပွဲရက်တွေအတွင်း ဂေါက်တောက်တောက်တောင်ဖြစ်သွားသေးတယ်။

အကြီးတန်းများသာရှိသော ပထမတစ်ပတ်တွင် စာတမ်းများ အန္တရာယ်များသော စမ်းသပ်မှုများ လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ရသည်။

တစ်ပတ်အကြာ စက်တင်ဘာလအစတွင်တော့ အငယ်တန်းလေးများလည်းကျောင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ဂျော်နီသည် အိပ်ရာမှ ကပြာကယာထလာပြီး မနက်စာတန်းစီကာ စာသောက်ခန်းတွင်နေရာသွားဦးရသည်။

ပြီးရင်တော့ အသည်းအသက်လေး ရောက်လာမှာကိုစောင့်နေရုံပင်။

သို့သော် မျှော်နေသူအစား ကျေးဇူးရှင်သူငယ်ချင်းလေးဂျိတ်ခ်သာ အရင်ရောက်လာသည်။

ဘေးတွင်လည်း ကလေးတစ်ယောက်ကပါလာသေးသည်။

"ဂျော်နီ ဒါကနီခီ ငါ့တစ်ဝမ်းကွဲညီ ပထမနှစ်လေ"

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now