X

448 79 0
                                    

ရဲတိုက်နားထိရောက်သည့်တိုင်အောင်အောင် ဟောခန်းဘက်မှ သီချင်းသံသဲ့သဲ့ကြားနေရသေးသည်။

ဂျော်နီသည် ဝိုင်မူးနေသည့်ကြားမှ ရောက်အောင်လာခဲ့သည်။အသိစိတ်သည်တော့ ပုံမှန်တိုင်းပေမယ့် အမြင်အာရုံတွေက အနည်းငယ်လည်နေလေသည်။

ရဲတိုက်နားရောက်တော့ လှေကားရင်းမှာထိုင်နေတဲ့ အဖြူရောင်လေးကို ခပ်ရေးရေးမြင်နေရပြီ။

အနီးရောက်လာမှ ‌မျက်မှောင်ကျုံ့ထားတဲ့ မျက်နှာလေးကို အသေချာမြင်ရသည်။

မှော်ကြိမ်လုံးကို ဝှေ့ယမ်းရင်း တစ်စုံတစ်ရာကိုလဲ ‌ရေရွတ်နေသည်သည်။

ဝီလီယမ့်၏မှော်ကြိမ်လုံးမှ မီးပွားအချို့ထွက်လာပြီး ‌ရှေ့ကမြက်ခင်းကိုဆွဲသွား‌သည်။

သို့သော်ခဏပင်မြက်ခင်းပင်ဖြစ်သောကြောင့် ချက်ချင်းငြိမ်းသွားသည်။

ဝီလီယမ့်၏မျက်နှာအမူအရာသည် ပို၍ဆိုရွားသွားပြီး မျက်ခုံးများကပိုမို တွန့်ချိုးသွားပြီး ထပ်ပေါင်းအနေနဲ့ ခပ်လုံးလုံး နှုတ်ခမ်းလေးကပါ အနည်းငယ်ဆူထွက်လာသည်။

အခုဝီလီယမ်က မီးဖိုဖို့ကြိုးစားနေတာပေါ့လေ။ဂျော်နီ အော်ရယ်မိမတတ်ဖြစ်သွားရသည်။

ဝီလီယမ်ရဲ့အခုလိုပုံစံလေးက ဂျော်နီ့အတွက် အလွန်အကြူးကို ချစ်စရာကောင်းနေပေမယ့် ‌အေး၍ခပ်ကျုံ့ကျုံ့ဖြစ်နေသော ခန္ဓာကိုယ်လေးကိုမြင်တော့ ရပ်မကြည့်နိုင်တော့ပါချေ။

အနီးအနားမှာ ရှိတဲ့ သစ်‌ကိုင်းခြောက်အနည်းငယ်ကို မြန်မြန်လေးလိုက်ကောက်လိုက်သည်။

ဝီလီယမ့်ရှေ့တွင် ကောက်လာသည့်သစ်ကိုင်းခြောက်များကိုချလိုက်တော့ တအံ့တဩကြည့်လာတဲ့ နီညိုမျက်ဆံတွေ‌ဟာ လရောင်အောက်မှာလဲ တောက်တောက်ပပ။

"ထပ်လုပ်ကြည့်"

"ဂျော်နီ..ဒီကိုဘယ်လို.."

ဂျော်နီ မေးငေါ့ရင်း မီးမွှေးဖို့ပြန်ကြိုစားခိုင်းသော်လည်း ဝီလီယမ် အူလည်လည်လေးပြန်ကြည့်လာသည်။

တောက်တောက်ပပမျက်ဆံများထဲမှ ရီဝေဝေအငွေ့အသက်အချို့မှာ အလွန်ပင်ဖမ်းရခက်သောကြောင့် ဂျော်နီပင် သေချာစိုက်ကြည့်မှသတိထားမိသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now