XVII

513 77 10
                                    

သို့
ချစ်ရပါသော ဂျော်နီယန်း

ဒီအတောအတွင်းနေကောင်းကျန်းမာပါရဲ့လား။မင်းကနမောနမဲ့နဲ့မို့လို့ ထိခိုက်ဒဏ်ရာရသွားမှာစိုးရိမ်မိလို့ပါ။

ပြီးတော့ ပြီးခဲ့တဲ့တစ်လလုံး စာမပို့ဖြစ်တာကိုလည်း ငါတောင်းပန်ပါတယ်။မမ မင်္ဂလာဆောင်ကိစ္စနဲ့ အကုန်လုံးအလုပ်ရှုပ်နေကြလို့ပါ။

ငါမနေ့ကငါတို့အကြောင်းကို ဖေဖေ့ကိုပြောပြဖြစ်တယ်။မေမေ့ကိုတော့ အရင်တည်းကစာထဲ အရိပ်အမြွတ်ပြောပြထားတာမို့ ဘာမှတော့မပြောဘူး။

ဖေဖေကတော့ အစကတော့တော်တော်စိတ်ဆိုးသွားတယ်။ငါ့ကိုလည်း စကားမပြောဘူး။

ဒါပေမယ့် ငါနည်းငါ့ဟန် ဖြေရှင်းလိုက်ပြီမို့ မင်းစိတ်ပူမနေနဲ့တော့။

စာလည်းရှည်သွားမှာဆိုးလို့ ဒီမှာပဲရပ်လိုက်တော့မယ် နောက်အပတ်ကြမှတွေ့ကြ‌တာပေါ့။

ငါမင်းကိုအများကြီးလွမ်းနေပါတယ်။

မှ
ဝီလီယမ်မယ်လ်ဖွိုင်း

ဂျော်နီစာကို သုံးခေါက်မြောက်ဖတ်ပြီးမှ ခေါက်ပြီးသိမ်းလိုက်သည်။တစ်လခွဲလောက် အဆက်အသွယ်ပျက်နေပြီး ဩဂုတ်လ တတိယအပတ်မှ စာပို့ဇီးကွက်တစ်ကောင်နဲ့အတူ ဝီလီယမ်ဆီမှ စာရောက်လာသည်။

တိုတိုတုတ်တုတ်နှင့် ဝီလီယမ့်သည် ရည်းစားကိုပို့သည့် စာနှင့်ပင်တူမနေပါ။သို့သော် အကြောင်းသိ ဂျော်နီ့ကတော့ နောက်ဆုံးကလွမ်းသည်ဟူသော စာကြောင်းလေးကိုရေးဖို့ပင် အတော်လေးချိတုန်ချတုန်ဖြစ်နေမယ့် ဝီလီယမ့်ကိုသာ မြင်ယောင်သည်။

အနည်းဆုံးတော့ စာလေးရတာနှင့်ပင် ဂျော်နီ့အတွက် တော်တော်လေးလုံလောက်ပါသည်။

စာလေးတကိုင်ကိုင်ဖြစ်နေသော ဂျော်နီ့ကို အီဗန်မနာလိုစွာ မျက်စောင်းထိုးလိုက်သည်။

သူကျတော့ ကျောင်းသာနောက်ဆုံးနှစ်သို့ရောက်လာပြီ ရည်းစားတစ်ယောက်မှအဖတ်မတင်ခဲ့သည် မဟုတ်လော။

စလေသရင်းမှ သွေးသန့်တို့လည်း ကန်းကုန်ကြသည်လားမသိ ဂျိတ်ခ်ရော ဂျော်နီရော ရည်းစားရသွားသည်လေ။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now