XVI

463 80 17
                                    

စာသင်နှစ်အဆုံးသို့ရောက်ရှိလာပြီဖြစ်သည်။

နှစ်ဆုံးစာမေးပွဲကြီးမှာ အတန်ငယ်ခက်ခဲလှသောကြောင့် တစ်နေ့စာတစ်နေ့လုပ်သော ဝီလီယမ့်အတွက်ပင် အနီးငယ်တွင် အနည်းငယ်တော့ပင်ပန်းသွားရသည်။

ဒါတောင် နားမလည်သမျှကိုရှင်းပြပေးမည့် ဂျော်နီရှိနေလို့ဖြစ်သည်။

ဂျော်နီကတော့ ဝီလီယမ့်ကိုလည်းအီစကလီလုပ်တာရော စာလုပ်ရော အတော်လေးတိုင်ပတ်နေသည်။

ဟော့ဝဂ်မှာ စလေသရင်းအဆောင် ဂရစ်ဖင်းဒေါ့အဆောင် စာကြည့်တိုက် နှင့်စာသင်ခန်းများတွင် ဂျော်နီခြေရာတွေချည်း။

အသက်ပင်ရှူဖို့အချိန်ရှိရဲ့လားပင်မသိချေ။

စာသွားလုပ်ရန်ပြောလိုက်လျှင်လည်း တစ်နာရီတစ်ခါလောက်လှစ်ခနဲ လှစ်ခနဲ ရောက်လာသေးသည်။

နှစ်ဆုံးတွင် အသင်းဖလားရရှိသွားသည်ကတော့ ဟတ်ပါပါတ်ဖ်မှဖြစ်ပြီး နောက်နှစ်တွင် အဝါရောင်မြွေပါ ဟတ်ပါပေါ့အလံများကို ကျောင်းအနှံ့ချိတ်ဆွဲထားတော့မည်ဖြစ်သည်။

"စာရေးနော် အချစ်နော်"

ဝီလီယမ်‌အိမ်ပြန်ဖို့ပစ္စည်းတွေသိမ်းနေရင်းနှင့်ပင် ဂျော်နီတစ်တွက်တွက်အမှာစကားများကိုနားထောင်နေရသည်။

"ကျွန်တော်တော့လွမ်းလို့သေမှာပဲအချစ်ရာ"

ဝီလီယမ် သိမ်းလက်စပစ္စည်းကိုခဏချထားလိုက်ပြီး အိမ်ရာ‌ပေါ်မှာ ခြေကားယားလက်ကားယားလုပ်နေသော ဂျော်နီ့ဆီလျှောက်လာလိုက်သည်။

ပစ္စည်းများကိုဖြစ်သလိုထိုးထည့်ပြီး ဝီလီယမ့်ဆီပြေးလာပုံရသော ဂျော်နီ၏နဖူးတွင် ချွေးစများရှိနေပြီး ဆံပင်နက်နက်များသည် ဟိုတစ်စ ဒီတစ်စ ကပ်နေသည်။

ဝီလီယမ်က ဂျော်နီဆံပင်များကို ပြန်သပ်ပေးလိုက်ပြီး ပါးကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။

ဂျော်နီဝမ်းနည်းနေမည်ကို ဝီလီယမ်သိပါသည်။သူကိုယ်တိုင်လည်း စိတ်မကောင်းပါ။ဒါပေမယ့်ဂျော်နီကို ဘယ်လိုနှစ်သိမ့်ပေးရမည်ကိုမသိပါ။ဒါကြောင့် ငြိမ်ငြိမ်လေးပဲနေဖြစ်သွားသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now