V

462 83 5
                                    

ဟော့ဝဂ်၏ကွစ်ဒစ်ရှ်ပွဲမှာ တရားဝင်စတင်လေသည်။

ကွစ်ဒစ်ရှ်ပွဲ၏ ပထမနေ့တွင် စလေသရင်းနှင့် ဟပ်ပါပါ့ဖ်တို့ယှဉ်ပြိုင်ရပြီး ‌စလေသရင်းက ဂိုးဒမ်းစနှစ်ရှ်ကိုဖမ်းမိသွားပြီး အနိုင်ရရှိသွားသည်။

ဒုတိယနေ့တွင် ဂျော်နီတို့ ဂရစ်ဖင်းဒေါ့က ရေဗင်ကလောကို 80:30ဖြင့် အနိုင်ရပြီး ဖိုင်နယ်ကိုတတ်ရောက်သွားသည်။

ဖိုင်နယ်တွင် စလေသရင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ အားလုံးကရင်တထိတ်ထိတ်ဖြစ်နေသည်။

မပြိုင်ခင်ညတွင် တံမြက်စည်းပျံများကို မိမိနှင့်အတူ အိပ်ရာထဲထည့်အိပ်ရန်နှင့် မည်သည့်အစားအစာကိုမှ မစားရန် ရေကိုလည်းလက်လွတ်စပယ် မသောက်ရန် သတိပေးရသည်။

ဂရစ်ဖင်း‌ဒေါ့ပထမနှစ်တစ်နှစ်တည်းသာ စလေသရင်းပြိုင်ဖူးသည်ဖြစ်သည်။ထိုအခါတွင်လည်း ဂရစ်ဖင်းဒေါ့ ဂိုးသမားမှာ လေပေါ်မှာတင်အိပ်ပျော်သွားခဲ့ရ အပြက်အသက်ပင်ရှုံးခဲ့ရသည်။

ဒုတိယနှစ်တွင်မူ ဂျိတ်ခ်၏ ထူးချွန်သော စွမ်းဆောင်ရည်‌ ကြောင့်အမှတ်170ဖြင့် အနိုင်ရရှိခဲ့သည်။

တတိယနှစ်တွင်မူ ဖိုင်နယ်အထိတတ်ရောက်နိုင်ခဲ့သော်လည်း ပြိုင်ဖက်ဖြစ်သော ဟပ်ပါပါ့ဖ် ၏ တိုက်စစ်မှု ဘမ်ဂျမင်မှာ အတော်လေး လက်ရည်ကောင်းသောကြောင့် သရေကျခဲ့သည်။

ဒီသုံးနှစ်တာအတာအတွင်း စလေသရင်၏ညစ်နည်းများမှာလည်း စံထားရလောက်ပါသည်။

ပထမနှစ်တွက် ဂရစ်ဖင်းဒေါ့ဂိုးသမားကို အိပ်ဆေးခပ်သည်။

ဒုတိယနှစ်တွင် ဟပ်ပါပါ့ဖ်၏ တံမြက်စည်းပျံများကို ကျိန်စာတိုက်ထားသည်။

တတိယနှစ်တွင် ရေဗင်ကလော၏ ရှာဖွေသူကို စိတ်ထင်ယောင်ထင်မှားဖြစ်စေသည် ဂါထာမန်းမှုတ်ပြီး  ဌက်ကို ဂိုးဒမ်းစနှစ်ရှ်အဖြစ် အထင်မှားစေသညိ။

ထို‌ကြောင့် ဂရစ်ဖင်းဒေါ့များမှာ အစစအရာရာ သွားသတိ လာသတိ စားသတိဖြင့် လုပ်ကိုင်နေရသည်။

ဂျော်နီသည် ယခုမနက်တွင် ပြိုက်ပွဲဝင်မည့် ဂရစ်ဖင်း‌‌ဒေါ့များ၏မနက်စာအတွက် စီစစ်ပေးနေရသည်။

ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓Where stories live. Discover now