စလေသရင်းရဲ့ဧည့်ခန်းထဲမှာတော့ အမြဲလိုလိုတိတ်တိတ်ဆိတ်ဆိတ်ပင်။
ယနေ့လဲ စစ်တုရင်ကစားနေတဲ့ အီသန်နဲ့ဂျေးရယ်၊စာအုပ်ဖတ်နေတဲ့ ဝီလီယမ်တို့သာ ရှိသည်။
ဝီလီယမ်မှာ အနည်းငယ်အိပ်ချင်တာကြောင့် ဖတ်လက်စစာအုပ်ကို စာမျက်နှာမှတ်ထားလိုက်ပြီး ပိတ်လိုက်သည်။
အခန်းထဲဝင်ဖို့ ထရန်ပြင်လိုက်ပြီးမှ တခုခု သတိရသောကြောင့် ပြန်ထိုင်လိုက်ရသည်။
"ဂျေး မင်းဂျိတ်ခ်ရှင်မ်း နဲ့တွဲနေပြီဆို"
ဝီလီယမ်မေးတော့ စစ်တုရင်ကစားနေတဲ့ ဂျေးကလှည့်ကြည့်လာသည်။
အီသန်မျက်နှာအမူအရာကိုကြည့်တော့ ဒီကိစ္စကို မသိသေးတဲ့ပုံ။
"မြန်လိုက်တာကွာ သတင်းကလဲ"
"ဂျိတ်ခ်ရှင်းမ်ကအကုန်ကိုလိုက်ပြောနေတာလေ ဒီနေ့ညတောင်မင်းနဲ့ရည်းစားဖြစ်တာကို သူကိုယ်သူဂုဏ်ပြုဖို့ဆိုပြီး ဂရစ်ဖင်းဒေါ့တွေကို မုန့်စားလိုက်ဖိတ်နေတာပဲ"
ဝီလီယမ်စကား အဆုံးမှာ ဂျေးက
တဘောတကျနှင့်ရယ်သည်။"ငါသိချင်သေးတယ် မင်းအဖေ မှော်ဝန်ကြီးချုပ်က သူ့သား ပေါ်တာမျိုးရိုးနဲ့တွဲနေတာသိသွားရင် မင်းရယ်နိုင်ဦးမလားဆိုတာ"
ဝီလီယမ်က ခပ်နောက်နောက်ပြောလိုက်ပေမယ့် ဂျေးမှာတကယ်ပင်မရယ်နိုင်တော့ချေ။
"နောက်ဆုံးတော့ ဂျိတ်ခ်ကရှင်းမ်မျိုးရိုးကိုယူထားတာပဲလေ"
"ဒါပေမယ့် သူ့ကိုယ်ထဲမှာပေါ်တာသွေးတွေ စီးဆင်းနေတုန်းပဲလေ"
ဝီလီယမ်ကချက်ချင်းပင်ထောက်ပြလိုက်တော့ ဂျေးမှာ မျက်နှာလေးငယ်သွားပြီး မျက်မှောင်ကျုံ့သွားပြန်ကာ ဉာဏ်နီဉာဏ်နက်များထုတ်နေပုံနေရသည်။
ဂျိတ်ခ်ရှင်းသည် သာမန်ဂရင်းဖင်းဒေါ့တော့ မဟုတ်ပါချေ။
လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က အမှောင်သခင်ကြီး ဗိုဒါမော့ကိုနှိမ်နင်းခဲ့သည် ဟယ်ရီပေါ်တာ၏ မျိုးရိုးမှ ဆင်းသက်လာသည်ဖြစ်သည်။
YOU ARE READING
ɪ'ᴅ ʟɪᴋᴇ ᴛᴏ ꜰɪɴᴅ ʏᴏᴜʀ ᴘʟᴀᴛꜰᴏʀᴍ 9¾ [Yangsun]✓
FanfictionBrilliant Gryffindor Jonny Yang × Elegant Slytherin William Malfoy Written in Burmese By Choco_Milkshake