Chapter (33)

429 67 9
                                    

အပိုင်း (33)
အရင်ဘဝတုန်းက ထောင်ရှင်းရော့နဲ့ သာမာန်လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးသာသာပဲရှိတယ်ဆိုတာ ကျီရုံယန်သိပါရဲ့။ ဒါပေမယ့် အခုဘဝမှာတော့ ရွမ်နင်ဝှေးပေါ်ထွက်လာတာကြောင့် အပြန်အလှန်ဆက်ဆံရေးက နည်းနည်းရှိလာတယ်ဆိုပေမယ့်လည်း အကျွမ်းတဝင်မဟုတ်နေ။ ဒါကြောင့်မို့ ဒီအခြေအနေမှာ ထောင်ရှင်းရော့က သူ့ကိုစနောက်နေတာပါလို့ တစ်ဖက်သတ်မယူဆရဲဘူးရယ်။ သူ့ရင်ထဲအေးစက်လာတယ်။

ကျင်ရှိုကို ပြောပြလိုက်ပြီးမှ ပန်းချီမရဘူးဆိုရင် ကျင်ရှို ဘယ်လိုထင်သွားမလဲ..

ကျီရုံယန်မှာ အလျင်လိုလာပြီး ထောင်ရှင်းရော့ဆီ ချက်ချင်းသွားကာ ကိစ္စတွေကိုရှင်းရှင်းလင်းလင်းပြောလိုက်ချင်တယ်။ ဒါပေမယ့် လေလံပွဲက စင်မြင့်ပေါ်မှာ ဆက်လုပ်နေဆဲဖြစ်သလို ကင်မရာတွေကလည်း အမိအရရိုက်ကူးနေဆဲ။ အခုချိန်မှာ ထောင်ရှင်းရော့ဆီသွားပြီး စကား​သွားပြောရင် လူအများအမြင်မှာ မသင့်တော်သလို သိလည်း သိသာသွားလိမ့်မယ်။

ကျီရုံယန်ခဗျာ ဇောကြီးနေတဲ့စိတ်ကို ဖိနှိပ်ရင်း ထောင်ရှင်းရော့ဆီ စာဆက်ပို့လိုက်တယ်။
"ဥက္ကဌထောင်က ဘာကိုပြောချင်တာလဲ"

ထောင်ရှင်းရော့ ပြန်ဖြေလာတယ်။
"ဒီပန်းချီကို ကိုယ့်အတွက်ကို လေလံဆွဲတာပါ"

ကျီရုံယန်မှာ ဒေါသကြောင့် မျက်ခုံးကြုတ်လို့။
"ကျွန်မတို့ အစကတည်းက သဘောတူပြီးသား မဟုတ်ဘူးလား"

"ကျွန်မ ဘာကိုမှကတိမပေးလိုက်ဘူးလေ ဟုတ်တယ်မလား"
ထောင်ရှင်းရော့ ပြန်ငြင်လာတယ်။

သေစမ်း... ထောင်ရှင်းရော့က ကတိမှမပေးလိုက်တာ။ သူက "ကြည့်ကြည့်လိုက်မယ်" လို့ပဲ ပြန်ဖြေလိုက်တာလေ။ ကျီရုံယန်ခဗျာ စိတ်မကောင်းဖြစ်သွားရပြီ။

ကျင်ရှိုက မျက်လုံးထောင့်ကနေ ကျီရုံယန်အခြေအနေကို အကဲခတ်နေတာမို့ ကျီရုံယန်တစ်ယောက် စိတ်ဆိုးနေတဲ့ပုံကို မြင်လိုက်ရတဲ့အခါ မျက်မှောင်က အလိုလိုတွန့်ချိုးသွားတယ်။

သူများရဲ့အရိပ်အောက်မှာ ​ရောက်နေရင် လူတစ်ယောက်အနေနဲ့ ခေါင်းငုံ့ရိုကျိုးနေရမှာ မလွှဲမသွေ။ ကျီရုံယန် အသက်ပြင်းပြင်းရှုလို့ အသုံးအနှုန်းကို နူးညံ့လိုက်တယ်။
"ဥက္ကဌထောင်က ယဉ်ကျေးတဲ့လူမို့ ကြင်နာတတ်မှာပါ.. ဒီပန်းချီက ကျွန်မအတွက် အရမ်းအရေးကြီးတော့ ကျွန်မကိုပဲ ပေးလိုက်လို့မရဘူးလား ဟင်"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now