Chapter (56)

308 51 5
                                    

အပိုင်း (၅၆) - ဖက်လို့ရမလား

ကျင်ရှိုတစ်ယောက် အခန်းထဲ ပြန်ရောက်တဲ့အခါ ပထမဆုံးလုပ်တာက အရက်နာကျတာကာကွယ်ဖို့ အသည်းဆေးတစ်လုံးသောက်လိုက်တာပဲ။ ပြီးတာနဲ့ ခဏလောက်ငြိမ်ငြိမ်လေး ထိုင်နေပြီးမှ ဗီဒိုထဲကနေ ညဝတ်အင်္ကျီကိုထုတ်လို့ ရေချိုးဖို့လုပ်တယ်။ ဒါပေမယ့် အပေါ်ရုံကုတ်အင်္ကျီကို ချွတ်လိုက်တဲ့အခိုက်မှာပဲ အပြင်ဘက်ကနေ ဒေါသတကြီးအော်ငေါက်သံကို ကြားလိုက်ရတာ။

အသံက.. ကျီရုံယန်နဲ့တူသလိုလို။

ကျင်ရှိုမှာ ရင်ထဲဒိန်းခနဲ့ဆောင့်တက်သွားပြီး ဘာမှမစဉ်းစားနိုင်တော့ဘဲ အိပ်ခန်းထဲက ပြေးထွက်လာခဲ့တာ။ အိပ်ခန်းအပြင်ရောက်တော့ အပြင်ဘက်က ဆူညံ့သံတွေကို ပိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။

အသံက တကယ့်ကို ကျီရုံယန်ရဲ့အသံဖြစ်ကြောင်း တစ်ဆက်တည်း အတည်ပြုလိုက်ရလျက်။

အခြေအနေတွေက ဘယ်လိုတွေဖြစ်နေမှန်း မသိပေမယ့်လည်း သူ ပျာယာခတ်သွားတာတော့အမှန်။ ကျင်ရှိုဟာ အလောတကြီး ပြေးသွားပြီးကာမှ တစ်ခုခုကိုဖျက်ခနဲတွေးမိသွားပြီး အခန်းထဲ​ပြန်ဝင်ရတယ်။ ဖုန်းကိုယူပြီး အပြင်ပြန်ထွက်ရင်းတန်းလန်းနဲ့ အပြေးတပိုင်းဖုန်းဆက်ခေါ်ရတယ်။

ဖုန်းက သုံးစက္ကန့်အတွင်းမှာတင် ချိတ်ဆက်မိသွားပြီးနောက် တခြားအပိုစကားတွေမဆိုတော့ဘဲ အဓိကအချက်ကို တန်းအမိန့်ပေးလိုက်တာ -
"အပေါ်တက်လာခဲ့"

ဖုန်းပြောပြီးတာနဲ့ အခန်းတံခါးတွန်းဖွင့်လိုက်ပြီး လျှောက်လမ်းဆီ အလျင်စလိုပြေးသွားလိုက်ရာ မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို ရင်လေးသွားစေလို့။

လျှောက်လမ်းမှာ ကောင်မလေးတစ်ယောက် ဆံပင်တွေရှုပ်ပွနေရင်းနဲ့ အပေါ်ပိုင်းခန္ဓာကိုယ်မှာ အင်္ကျီက မပေါ်တပေါ်ဖြစ်နေလျက်။ ရှောင်တိကို ဆွဲထားရင်း ကိုးရိုးကားယား ကိုက်ထားတယ်။ ကံကောင်းချင်တော့ အဲ့ကောင်မလေးက ကျီရုံယန်မဟုတ်နေတာကို ကျင်ရှို သေသေချာချာမြင်လိုက်ရတာပဲ။ ကျီရုံယန်က ဘေးနားမှာ အဝတ်အစားအပြည့်နဲ့ ရှိနေသေးတယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now