Chapter (62)

356 62 3
                                    

အပိုင်း (၆၂)

မနက်လေးနာရီထိုးပြီးနောက်မှာ ပြင်ပကမ္ဘာကြီးက အမှောင်ထု ဖုံးလွှမ်းနေသည့်တိုင် ကျီရုံယန်ရဲ့ဖုန်းအလန်းကတော့ အချိန်မှန်မှန်ထမြည်လာလေရဲ့။ မနက်စောစောထမယ်လို့ ရည်ရွယ်ထားသလို ဖုန်းနှိုးစက်အသံကြောင့် ကျင်ရှိုကို အနှောင့်အယှက်ပေးမိမှာလည်း စိုးရိမ်တာမို့ ကျီရုံယန်က ညနက်ပိုင်းမှာ သတိအပြည့်နဲ့ အိပ်ခဲ့တာ။ ဒါကြောင့် ဖုန်းသံက နှစ်ချက်လောက်ထွက်လာတာနဲ့ သတိထားပြီးအိပ်နေတဲ့ ကျီရုံယန်မှာ ဆတ်ခနဲနိုးလာပြီး ဖုန်းကိုလှမ်းယူလို့ အမြန်ပိတ်လိုက်ရတယ်။

ပါးစပ်ပိတ်ပြီး အိပ်ချင်စိတ်မပြေသေးဘဲ သန်းဝေလိုက်ပြီးနောက်မှာ ဘေးမှာအိပ်နေတဲ့ ကျင်ရှိုရဲ့မျက်နှာလေးကို မြတ်နိုးယုယမှုတွေနဲ့ ကြည့်လိုက်တယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်မိသွားတာပဲ ....ကျီရုံယန် သဘောတကျကျနဲ့တွေးမိတယ်။

သူ ထထိုင်လို့ ကျင်ရှိုကိုယ်ပေါ်ကို ​စောင်နဲ့သေသေချာချာပတ်ပေးလိုက်ပြီး အိပ်ယာကနေ အသံတိတ်ထဖို့ လုပ်တယ်။

"ဘယ်နှစ်နာရီထိုးသွားပြီလဲ"
အမျိုးသမီးတစ်ယောက်ရဲ့အိပ်ချင်မူးတူးအသံက ရုတ်တရက်ထွက်လာတယ်။

ကျီရုံယန်ခဗျာ တန့်သွားရပြီ။ ကျင်ရှိုရဲ့ အိပ်ချင်မပြေသေးတဲ့စိတ်ကို ဆူဆူညံ့ညံ့အသံနဲ့ နှောင့်ယှက်မိမှာစိုးတာမို့ လေသံတိုးဖွဖွလေးနဲ့ ပြန်ဖြေလိုက်တယ်။
"၄နာရီခွဲကျော်နေပြီ"

ကျင်ရှိုက အိပ်ယာဘေးကမီးအိမ်ကို လှမ်းဖွင့်လို့ တံတောင်နဲ့ထောက်ပြီး ထလိုက်တယ်။

ကျီရုံယန်က ကျင်ရှို အဆင်မပြေဖြစ်မှာ စိုးရိမ်တာနဲ့ အိပ်ယာပေါ် ဒူးတစ်ဖက်ထောက်လိုက်ရင်း ကျင်ရှိုရဲ့ခန္ဓာကိုယ်ကို ကူထူပေးလိုက်တယ်။

အမှန်တော့ ကျင်ရှိုအတွက် လည်ပင်းကြောညှပ်သွားပြီး ခန္ဓာကိုယ်ကတစ်ရှူးပျော့တချို့ ဒဏ်ဖြစ်သွားတာကလွှဲရင် တခြားပြဿနာ မရှိတာမို့ အိပ်ယာထဖို့က မခက်ခဲလှ။ ဒါပေမယ့်လည်း ကျင်ရှိုကတော့ ကျီရုံယန်ရဲ့ဖေးမပေးမှုကို မငြင်းဆန်နေ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now