Chapter (60)

390 82 3
                                    

အပိုင်း (၆၀)

လမ်းဆုံးလမ်းခွအလယ်မှာ ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့မောင်းထွက်လာတဲ့ကားတစ်စီးက စောင်းကွေ့လိုက်ပြီး ကျင်ရှိုစီးလာတဲ့ SUV ကားလေးရဲ့နံဘေးကို ဝင်ကျုံးပစ်လိုက်ရာ SUV လေးမှာ လမ်းဘေးက သံတိုင်နဲ ဝင်ဆောင့်သွားတယ်။ ကားနှစ်စီးလုံးရဲ့ရှေ့ပိုင်းနဲ့ ဘေးကိုယ်က ချိုင့်ဝင်သွားတဲ့အထိ ပျက်စီးသွားပြီး ကားအတွင်းအပြင်ကနေ မီးခိုးငွေ့တွေတလူလူ ထွက်လာခဲ့လျက်။

လမ်းပေါ်မှာ လူသွားလူလာမရှိသလောက်ရှာလေရာ ဖြတ်သွားဖြတ်လာကားတွေကလည်း သိပ်မများချေ။ ဒါပေမယ့်လည်း ကားမတော်တဆဖြစ်ရပ်ကြောင့် လမ်းမကပိတ်သွားတော့ တချို့သောစိတ်အားထက်သန်သူတွေက ယာဉ်ထိန်းရဲများကို ဖုန်းခေါ်ကြတော့တယ်။ တချို့သောလူများက ကားပေါ်ကနေ ဆင်းလာပြီးအခြေအနေကို စူးစမ်းကြတော့တယ်။

ကားထဲကဆင်းလာကြသူများမှာ SUV ကားဘေးသို့ မရောက်သေးခင် ကားတံခါးက အတွင်းဘက်ကနေ ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး ဆံပင်တိုတိုညှပ်ထားတဲ့ ယောက်ျားတစ်ယောက်က ယာဉ်မောင်းနေရာကနေ ခပ်ထန်တဲ့မျက်နှာထားနဲ့ ထွက်လာခဲ့တာ။

ကားနှစ်စီးဝင်တိုက်တဲ့အချိန် လေအိတ်က အချိန်မှီပွင့်ထွက်သွားခဲ့တာမို့ ရလာဒ်အနေနဲ့ ထိုယောက်ျားမှာ စတီယာတိုင်နှင့် မတိုက်မိလိုက်။ သို့ပေမယ့် ပွင့်ထွက်လာတဲ့လေအိတ်ရဲ့အရှိန်ကြောင့် ခေါင်းမှာ မူဝေချာချာလည်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း နာကျင်ကိုက်ခဲနေရင်း နားစည်းအတွင်းကနေ တအူအူဆူညံသံကို ကြားနေရတော့တယ်။ ဒါပေမယ့်လည်း သူဟာ စနစ်တကျလေ့ကျင့်ခြင်းခံထားရတဲ့ စစ်ပြန်တစ်ယောက်။ ခဏအတွင်းမှာပဲ နာကျင်မှုတွေနဲ့ ချာလည်လည်ဖြစ်နေတဲ့ခေါင်းကို အတင်းထိန်းချုပ်လို့ ရှင်းရှင်းလင်းလင်းတွေးတောဖို့ကြိုးစားလိုက်တယ်။ လည်ပင်းကြောတစ်ခုလုံး နာကျင်နေတဲ့ကြားထဲကနေတောင် ကားနောက်ခန်းကို ဖြတ်ခနဲလှည့်ကြည့်လို့ ကျင်ရှိုရဲ့အခြေအနေကို လှမ်းဆန်းစစ်ရတယ်။ ကျင်ရှိုဟာ နဖူးကနေ သွေးစီးကျနေပြီး ထိုင်ခုံပေါ်မှာ ပုံရက်သားလေး မလှုပ်မရှပ်လဲကျနေခဲ့တာ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now