Chapter (38)

379 70 3
                                    

အပိုင်း (၃၈)

ကျီရုံယန်မှာ ငိုချလိုက်ပြီးနောက် စာဆက်ပို့ဖို့ အားမကျန်တော့။ စာမပြန်လာသေးတဲ့ ချက်ဘောက်စ်လေးကို ကြည့်ရင်း ခါးခါးသိီးသီးအပြုံးလေးနဲ့ မျက်ရည်တွေကို သုတ်ချပစ်လိုက်တယ်။ ပြီးတော့ အိပ်ရာပေါ်ကနေ ထပြီး မျက်နှာသွားသစ်ရတယ်။

အမှန်အတိုင်းပြောရရင် ကျင်ရှိုဘက်က စာပြန်လာဖို့ကို သူ မမျှော်လင့်ထားဘူး။ သူဘက်ကနေသာ ကျင်ရှိုရဲ့ နူးညံ့မှုတွေနဲ့ စိတ်ရှည်သည်းခံမှုတွေကို တစ်ဖက်သတ်ခံယူရသူမို့ အခုလိုဖြစ်လာတာတွေအားလုံးက သူ့အပြစ်တွေချည်းပဲ။ ဒါပေမယ့် အခုကျီရုံယန်က အရင်ကနဲ့မတူတော့ဘူးဆိုတာကို ကျင်ရှိုကို ​ပြသချင်တယ်။ ရိုးသားတတ်လာပြီး၊ အားနည်းချက်တွေပြဖို့ သင်ယူနေပြီး၊ ချစ်သူအချင်းချင်းကြားထဲမှာ မရှိသင့်တဲ့တလွှဲမာန်မာနတွေကို လွှတ်ချတတ်လာပြီဆိုတဲ့အကြောင်း ပြချင်သေးတယ်။

အခုချိန်မှာတော့ တိုးတက်မှုက အနည်းငယ်နှေးကွေးကောင်းနှေးကွေးနေလောက်ပြီး ခက်ခဲနေပေမယ့်လည်း စိတ်ပါလက်ပါ ကြိုးစားသင်ယူနေပြီဆိုတာကို ကျင်ရှိုကိုပြချင်တာ။

ဒါတွေဟာ သူ့ရဲ့စိတ်ရင်းအမှန်နဲ့ စိတ်ပိုင်းဖြတ်မှုတွေ ဖြစ်ပါကြောင်းပေါ့။

မနက်ဖြန် ရှိုးရဲ့ရိုက်ကူးရေးရှိတာမို့ မျက်လုံးတွေ မဖောင်းနေအောင် ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပြီး မျက်လုံးပေါ် ပဝါစအေးအေးလေးနဲ့ ကပ်ထားလိုက်တယ်။ မျက်နှာက ပုံမှန်အနေအထားရောက်သွားတဲ့အထိ ကပ်ပြီးတဲ့နောက် ခြေထောက်လက်ထောက်ဆေးဖို့တောင် မလှုပ်ချင်တော့ဘူး။ အိပ်ရာပေါ်ပြန်တက်ပြီး အိပ်ရာဝင်ဖို့သတိပေးတဲ့ အလန်းကိုသွားပိတ်မယ့်အချိန် WeChat မှာ မဖတ်ရသေးတဲ့ မက်ဆေ့ချ်အသစ်တစ်ခုကို စခရင်ပေါ်မှာ တွေ့လိုက်ရတယ်။

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်ကမှ ကျင်ရှို ပိုထားတာ။ ရိုးရိုးရှင်းရှင်း စကားလုံး ၄လုံးတည်း-
"ဒီကိုလာခဲ့"

ကျီရုံယန်က ချက်ချင်းကို ကောက်ခါငင်ကာ ထထိုင်လိုက်တယ်။ စက္ကန့်ပိုင်းလောက်အကြာ ဖုန်းကို ကုတင်ပေါ် ပစ်တင်ခဲ့လို့ အိပ်ယာပေါ်က ဆင်းပြီး သိုးမွှေးစကွင်းထိုးဖိနပ်ကို ကပြာကယာစီးကာ တစ်ခါတည်း ထွက်လာခဲ့တယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now