Chapter (59)

246 42 6
                                    

အပိုင်း (၅၉)

ခေါ်ထားတဲ့ဆရာဝန်ရောက်လာပြီး ကုကျစ်နန်ရဲ့ခန္ဓာကိုယ်ကို ဂရုတစိုက်စစ်ဆေးလို့ သောက်ဆေးညွှန်ပေးလာတယ်။ ကျီရုံယန်ဟာ ဒီအခွင့်အရေးမှာ ကျင်ရှိုရဲ့ရေချိုးခန်းကို ခဏငှား၊ ရေဝင်ချိုးပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရတယ်။

ကံကောင်းချင်တော့ ခြေသလုံးနဲ့တံတောင်ဆစ်က ပွန်းပဲ့ဒဏ်ရာကလွှဲရင် ကျန်တဲ့နေရာတွေမှာ အထိအခိုက်မရှိဘူးရယ်။

ကျီရုံယန်က နဂိုကတော့ လိမ်းဆေးလိမ်းဦးမလို့ပဲ။ ဒါပေမယ့် ဒီနေ့ ကျင်ရှိုနဲ့အတူတူအိပ်ရမှာကို တွေးမိပြီး မလိမ်းတော့ဘူး။ ဘော်ဒီလိုးရှင်းကိုတောင် မလိမ်းတော့ဘဲ ကျင်ရှို ကြိုက်တယ်လို့ပြောတဲ့ ရေချိုးဆပ်ပြာဂျယ်ရဲ့မွှေးရနံ့သက်သက်ကိုသာ ခန္ဓာကိုယ်ပေါ်မှာ စွဲကျန်ရစ်စေတော့တာ။ အသုံးမဝင်လောက်ပေမယ့်လည်း ဆက်စီကျကျအတွင်းခံအင်္ကျီကို ညဝတ်ဂါဝန်အောက်မှာ ရွေးဝတ်ထားတယ်။

သူ ရေချိုးပြီးတာနဲ့ ကျင်ရှိုက ရေဆက်ချိုးတယ်။ သူမှာ ညအိပ်ဝတ်စုံဝတ်ပြီးတာနဲ့ ဧည့်ခန်းထဲသွားလို့ ဝေ့ယိကျင်းကို အကျိုးအကြောင်းတွေပြောဖို့ ဖုန်းခေါ်လိုက်ရတယ်။ ဒီညမတော်တဆကိစ္စရဲ့ အတွင်းကျကျကိစ္စတွေကိုပါ သတင်းပို့လိုက်ရတာ။

အဖြစ်အပျက်က တကယ့်ကို ဆိုးရွားလွန်းတာမို့ ဝေ့ယိကျင်းတစ်ယောက် တကယ့်ကို အံ့ဩသွားခဲ့တာ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စထဲ ဝင်ပါတဲ့ ကျီရုံယန်ကို ဆူပူပေမယ့် အကြောင်းရင်းမရှိဘဲ ပြဿနာတက်လာတဲ့အတွက်တော့ အပြစ်မတင်လာတာမို့ ကျီရုံယန်မှာ ပိုတောင် အပြစ်ရှိစိတ်ဖြစ်လာတယ်။ ဝေ့ယိကျင်းခဗျာ စိတ်ငြိမ်အောင်ထိန်းရင်းနဲ့ ကျီရုံယန်နဲ့အတူ အခြေအနေကို ပြန်ဆန်းစစ်ရတယ်။ မနက်ဖြန်ကျရင် ဆေးရုံကိုသွားပြီး ရှောင်တိနဲ့ သွားတွေ့ဖို့ပါ ကျီရုံယန်ကို မှာတယ်။

ကျီရုံယန်ရဲ့အရိုးထဲအထိ ခေါင်းမာတဲ့စိတ်ဓာတ်က ပြန်ခေါင်းထောင်လာပြီး ငြင်းလိုက်တော့တာ။
"ညီမ မသွားဘူး"

ဝေ့ယိကျင်းမှာ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားပြီမို့ အေးတိအေးစက်လေသံနဲ့ပြောလိုက်တော့တာ။
"ရုံယန်.. နင်အခုမှ ဒီလောကထဲစရောက်တာလား.. ဘာတွေ ဒီလောက်ခေါင်းမာနေတာတုန်း.. ကိစ္စကြီးကြီးမားမား အောင်မြင်မယ့် လူက စိတ်ရှည်သည်းခံရတယ်.. ဒီလောက်ရိုးရှင်းတဲ့အမှန်တရားကို နင် နားလည်ရဲ့သားနဲ့"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now