P 1

434 59 4
                                    


👉သာသာရေးတဲ့Ficတိုင်းမှာ
အမြဲတမ်းကြိုပြောပါတယ်နော် ဖြစ်နိုင်တယ်ဆိုလည်း သက်သေနဲ့တကွ ချပြပြီး မဖြစ်နိုင်ဘူးဆိုလည်း မဖြစ် နိုင်ကြောင်း အစထဲက စကားပုလ္လင်ခံပြီးသားပါ👈

🙏အခု ဒီficလေးမှာလည်း ဟိုဆော့ရဲ့
ဖြစ်တည်မှုက အလွန်းရှားပါးပြီး
များသောအားဖြင့် မဖြစ်နိုင်တဲ့အတွက်
သာသာရဲ့စိတ်ကူးအတိုင်း ပုံဖော်ထားတာမို့ ficကို fic လို့ပဲ မြင်ပေး
ကြဖို့ သာသာတောင်းဆိုပါတယ်🙏

👉 ဒီအပိုင်းကို နားမလည်ရင်
ဟိုဆော့ကို ပုံစံတစ်မျိုး မြင်သွားမှာမို့ သေချာလေးဖတ်ပေးပါနော်👈

.
.
.

"အမေ့မြေးက ယောကျာ်းအင်္ဂါရော
မိန်းမအင်္ဂါ‌ရောပါနေတာလေ
အဲ့တော့ တစ်ခုကို စွန့်လွတ်မှရမှာပေါ့."

"အဲ့ဒိယောကျာ်းမဟုတ် မိန်းမမဟုတ်ကို
သားက အခုလို မလုပ်ပေးရင် အမေ့မြေးဘ၀ လူပြောစရာတွေဖြစ်ကုန်မှာ"

ဟင့်အင်း......
မဟုတ်ဘူး........မဟုတ်ဘူး
အပါး....သားကို အဲ့လိုမပြောပါနဲ့
သားတောင်းပန်ပါတယ် သားက....
အပါးတို့ထင်သလိုမဟုတ်ပါဘူး

"ငါ့မြေးစိတ်က ယောကျာ်းလေး
ကစားတာတောင် မိန်းကလေးလိုကစားတာ‌ေတွ့လို့လား။ ဒါကို သိသိကြီးနဲ့
အခုမင်းလုပ်ထားပုံကို ကြည့်အုံး"

ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်ကတော့ ကုတင်ပေါ်မှာ ဆေးပိုက်ပေါင်းများစွာဖြင့် သတိမမေ့ရုံတမယ် ဝေဒနာကို ကြိတ်ပြီးခံစားနေရှာသည်။ သားကြောင့် စကားမများကြပါနဲ့ပြောလိုက်ချင်ပေမဲ့ လှုပ်ရှားမရတဲ့ခန္ဓာကိုယ်ကမျက်ရည်ကျဖို့သာ တတ်နိုင်ခဲ့သည်

"အမေ
သားလည်း မဖြစ်သာလို့သာ ခွဲစိတ်
လိုက်ရတာလေ"

"ခွဲစိတ်တာကို ငါမပြောလိုဘူး
ဘာလို့ ယောကျာ်းမကျ မိန်းမမကျ
ဘ၀လုပ်ပြစ်ရတာလဲ"

"ယောကျာ်းလိုနေထိုင်ဖို့ ရွေးချယ်
ပြီးရင်လည်း အဲ့ဗိုက်ထဲက သားအိမ်
ကိုပါ ထုတ်ပြစ်လေ!!! ဘာလို့ မထုတ်
တာလဲ"

"အဲ့လိုလုပ်လိုက်ရင်
အမေ့မြေးသေမှာ။ သေသွားမှာ
သိလား"

"ဟိုဆော့က ငယ်သေးတယ်
အခုလိုခွဲစိတ်ထားတာတောင် အမေ့မြေးပုံစံကိုကြည့်အုံး။ သားအိမ်ကိုပါ
ထပ်ထုတ်ပြစ်မယ်ဆို အမေ့မြေး
သေရုံပဲရှိတော့မယ်"

မျက်ရည်ခြွေသူ🥀Where stories live. Discover now