ဒီနေ့ အစောကြီးထပြီး ရေမိုးချိုးကာ
မနက်စာစားရန် ထမင်းစားခန်းထဲသို့ ၀င်မည်အလုပ် အပါးက ကိုယ့်ထက်
ဦးစွာ ကော်ဖီသောက်နေသည်။
ခြေလှမ်းတွေက သူ့အလိုလို နောက်
ဆုတ်လိုက်တာ အပါးနဲ့မျက်နှာချင်း
မဆိုင်ချင်တာကြောင့် ကျောင်းသို့အစောထွက်လာခဲ့သည်။အခန်းထဲမှာ ကိုယ်ကလွဲလို့ ဘယ်သူ
မှကောင်းကောင်းမရောက်သေး။ မနက်စာလည်း မစားခဲ့ရတာမို့ ကျောင်းအပြင်နားကကော်ဖီဆိုင်ကိုသာ ဦးတည်
လိုက်သည်။ကော်ဖီနဲ့ပေါင်မုန့်စားပြီးနာရီကို
ကြည့်မိတော့ ရှစ်နာရီထိုးပြီးဆယ့်ငါးမိနစ်။ ဒီအချိန်ဆို ကျောင်းထဲလူစုံနေ
လောက်ရောပေါ့။ ပါဆယ်ထုတ်
လာသော ကော်ဖီဘူးသုံးဘူးကို
ကိုင်ကာ စီးပွရေး မေဂျာဘက်သို့ ခြေလှမ်းတွေကို ဦးတည်လိုက်သည်လှေကားထစ်တိုင်းတက်လာပြီး
တန်းခွဲ(A)ဆိုတဲ့အခန်းအ၀ကနေ
ဂျီမင်တို့ရှိရာအပေါက်၀ကနေ
ငေးကြည့်လိုက်တော့.....တွေ့ပါပြီ ချစ်ရသူ......
ဘာတွေရယ်စရာပါနေလို့ လှလှပပကို ပြုံးနေပါလိမ့်။ သိပ်သဘောကျရတဲ့
အထဲမှာ မျက်၀န်းတွေပြီးရင် သူ့ရဲ့
ဆွဲဆောင်မှုရှိတဲ့အပြုံးတွေဟာလည်း
ကျွန်တော့်နှလုံးသားကို ဘရမ်းပဒါဖြစ်စေနိုင်တဲ့ အခန်းကဏ္ဍမှာပါ၀င်နေတယ်ကိုယ့်ကိုမြင်ရင် အဲ့အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားမှာကို
သိတာကြောင့် အပြင်ကနေ တိတ်တိတ်
လေး ငေးကြည့်နေမိတယ်........သူတစ်ချက်ပြုံးလိုက်တိုင်း ကိုယ်ကလည်းအ
လိုလိုလိုက်ပြုံးမိတဲ့အထိ ထိုကောင်လေးကို မြတ်မြတ်နိုးနိုးပါဘဲ.........."ဂျောင်ကု....ရှစ်ခွဲနေပြီ
ကိုယ့်အခန်းကိုပြန်တော့""ဂျီမင်ဟျောင်းကလည်း ဇွတ်တေ
မောင်းထုတ်နေတာဘဲ။ ထယ်ယောင်း
ဟျောင်းတောင် ဘာမှမပြောတဲ့ဟာကို""မင်းလည်းနော် ကိုယ့်အတန်းကိုယ်
ပြန်ပါဆိုတာပြောမရဘူး။ အားနေ
ငါတို့စီပဲလာနေလို့ တစ်ခန်းလုံးကတောင် မင်းကိုသိနေပြီ""သိတော့ကောင်းတာပေါ့
ဂျီမင်ယျောင်းရဲ့ ဘာတွေသောက
ဖြစ်နေတာလည်း"