"ဟိုဆော့ သတိရလာပြီလား"မျက်လုံးတွေမှေးစင်းရင်းကနေ
ဆော့ဂျင်ကို ခေါင်းအသာငြိမ့်ပြတဲ့
သူက ဆေးတွေသွင်းထားရင်းနဲ့ကို
ဖြူဖျော့နေတာ"သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။
ဒဏ်ရာရှိသူဆယ့်နှစ်ဦး တို့ကို သက်ဆိုင်ရာကအချိန်မှီ
ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်"TVက လာနေတဲ့သတင်းသံသဲ့သဲ့
မှလွှဲ၍ ဆေးရုံခန်းတစ်ခုလုံး
တိတ်ဆိတ်နေသည်။ အရမ်းကို နုံးချိ
နေတာမို့ နားထဲဘာသံမှမကြားချင်ပါ။
ဒါကြောင့်ဆန်ပြုတ်ကိုပန်းကန်ထဲထည့်ရန်ပြင်နေတဲ့ဆော့ဂျင်ကို TVပိတ်ခိုင်းဖို့ လှမ်းကြည့်မိချိန်"ထပ်မံပြီး တင်ဆက်ပေးမဲ့သတင်း
ကတော့ နှလုံးအထူးကုဆရာ၀န်
Jung ki huukကို သက်ငယ်မဒိန်းမှုနဲ့
ဒီနေ့ပဲ ကြိုးမိန့်ကျခဲ့ပါတယ်။
Jung ki huukဟာ သူ မသေခင် ပိုင်ဆိုင်မှုတွေကိုKimမိသားစုအတွက်
ရော်ကြေးအနေနဲ့ ပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။ နောက်ပြီး-"ဆော့ဂျင် အလန့်တကြားနဲ့ remoteကို
ကိုင်ကာ TVကို ပိတ်ပြစ်လိုက်ရသည်။
တော်တော်နဲ့သတိမရတဲ့ဟိုဆော့ကြောင့် ပျင်းပျင်းနဲ့ TVကြည့်မိတာ
မှားတာပဲ ကိုယ့်မျက်နှာကိုယ်သာ ဖြတ်
ရိုက်လိုက်ချင်တော့သည်။ ဒီအကြောင်းတွေ ပါမယ်မှန်းသာသိရင်TVremoteကို ကိုင်မိမှာတောင်မဟုတ်ဖူး"ဟိုဆော့ ဆန်ပြုတ်သောက်-"
"ဒါဆို.......
အပါးက ဒီနေ့ပဲ
ဆုံးသွားတာပေါ့......"စကားလမ်းကြောင်းလွှဲမိပေမဲ့
ဟိုဆော့က သတင်းတွေ အကုန်
ကြားသွားခဲ့သည့်ပုံ။ ဘာမှမဖြစ်သလိုတည်တည်ငြိမ်ငြိမ်နဲ့သာပြောနေတာ
တကယ်တော့ သူ့မျက်ရည်တွေက
မျက်လုံးဒေါင့်ကနေ စီးကျနေပြီ။"ကျွန်တော် သတိပြန်မရလာရင်
ကောင်းမှာနော်....."အသံတွေ မတုန်အောင်လို့
ထိမ်းပြောနေတာကိုဆော့ဂျင်သိသည်။
အားရပါးရ ငိုချင်ရက်နဲ့များ ဘာလို့အံကြိတ်ပြီးတင်းခံနေခဲ့လဲဆိုတာ
ကိုယ့်ကိုကိုယ်ပျော့ညံ့တယ်လို့ မမှတ်ယူ
ချင်လို့ပဲဖြစ်ပါလိမ့်မည်