"ဟျောင်းရယ် ကြည့်ပါအုံး
ပိန်သွားလိုက်တာ""ထယ်ယောင်းက ဟျောင်းအပေါ်
အရမ်းအနိုင်ကျင့်လား။ ကျွန်တော့်ကို
ပြောနော် အဲ့ကောင်ကို မထနိုင်အောင်
ဆုံးမပေးလိုက်မှာ"ထယ်ယောင်းကို ဘုကြည့် ကြည့်ရင်းတကယ်လုပ်မဲ့ဂျီမင်ပုံစံကြောင့်
ဟိုဆော့ မျက်လုံးတွေ ရှေ့မှာထိုင်နေတဲ့
ဆိုင်သူစီသို့ ရောက်သွားသည်။ ဆိုင်သူ
ကတော့ မျက်လုံးပြူးကာ အံကြိတ်ပြတာမို့ ဟိုဆော့အလိုက်သိစွာနဲ့ပဲ"ဟင့်အင်း
ထယ်ယောင်းက ဟျောင်းအပေါ်
ကောင်းပါတယ်""ဟုတ်လို့လားဟျောင်းရယ်"
ဂျောင်ကုကမယုံသင်္ကာနဲ့မေးတော့
ဟိုဆော့ပါးချိုင့်ခွက်လေးများ
ပေါ်သည်အထိပြုံးကာ ခေါင်းငြိမ့်
ပြလိုက်သည်"မင်းတို့ကလည်းနော်
ငါ့ကိုရှေ့မှာထားပြီး ပေါ်တင်ကြီး
ဖြဲနေတာလား""အဲ့တော့ရော...ဘာဖြစ်လဲ
ဟိုဆော့ဟျောင်းကိုယ်တိုင်က
မင်းနဲ့နေဖို့ ရွေးချယ်လိုက်တယ်ဆိုပြီး
ဂျင်ဟျောင်းကပြောလို့သာရယ်။
နမို့ဆို မင်းစီမှာမထားဘူးသိလား""ငါ့စီမှာခေါ်မထားတော့ရော
သူ့မှာနေစရာမှမရှိတာ။ ထမင်း
စရိတ်အကုန်ခံပြီး ခေါ်ထားတဲ့ငါ့ကို
ကျေးဇူးတောင်တင်ရအုံးမယ်""အဲ့လိုတွေးတယ်ပေါ့
အမလေး ကျေးဇူးကြီးလိုက်တာ
တကယ်လို့ ငါဆိုလ်းကိုပြန်ရင်
ဟိုဆော့ဟျောင်းကို ငါနဲ့ထဲ့ပေးလိုက်
မလား"မဲ့ကာရွဲ့ကာနဲ့ပြောနေတဲ့ဂျီမင်ကို
ထယ်ယောင်းမျက်စောင်းထိုးလိုက်သည်။ ငယ်လေးအတွက် မကျေနပ်
နိုင်လို့ဆိုတာ သိရဲ့သားနဲ့ မေးခွန်းတွေ
ထုတ်မေးတာကို မကြိုက်တာကြောင့် ထယ်ယောင်းဟိုဆော့ကို တစ်ချက်ကြည့်လိုက်ရင်း"ခင်များပြန်လိုက်သွားချင်လား
ဂျောင်ဟိုဆော့"ဟိုဆော့ကို စူးစိုက်ကြည့်ရင်းလေသံ
ခပ်အေးအေးက ကြောချမ်းစရာ။
ဟိုဆော့အကြောင်းထယ်ယောင်း
ကောင်းကောင်းသိတာမို့ အဓိပ္ပာယ်
ပါတဲ့အကြည့်တွေလွှတ်ထုတ်ရင်း