P 11

244 43 18
                                    

"ကိုကို ငယ်လေးလှလား ကြည့်ပါအုံး"

ထယ်ယောင်း မွေးလက်ဆောင်အဖြစ် ၀ယ်ပေးထားတဲ့ ဂါ၀န်ကြည်ပြာရောင်
လေးကို ၀တ်ကာ ဟိုဘက်ဒီဘက်လှည့်ပြပြီး အကိုဖြစ်သူကိုသူမဘယ်လောက် ချောကြောင်းလှကြောင်း မေးနေသည်

"လှပါ့ဗျာ
ကိုကို့ညီမလေးက အမြဲတမ်း
လှပြီးလား"

"မေမေက သားနဲ့သမီးကို လှအောင်
မွေးထားတာပါတော်။ မေမေနဲ့တူလို့
ချောတာလဲပါတာပေါ့"

သမီးဖြစ်သူရဲ့ဆံပင်တွေကို ဖြီးပေးရင်း
ချီးမွန်းခန်းဖွင့်နေသောmrs.kimက ဒီမိ
သားစုဘ၀လေးကို ရွှေတွေပုံပေး‌ ရင်တောင် လည်းနိုင်မည်မထင်

"ဖေဖေခိုင်းထားတဲ့ ကိစ္စကြောင့်
ကိုကို ငယ်လေးကို လိုက်မပို့နိုင်
တော့ဘူး။ ဦးလေးမင်လိုက်ပို့
လိမ့်မယ်နော်။ ရှစ်နာရီခွဲအိမ်ပြန်
ရောက်ရမယ်
ကိုကိုမေမေ့ကို ဖုန်းဆက်ပြီးမေး
မှာနော်"

"ဟုတ်ကဲ့စိတ်ချပါကိုကို☺️"

"ပြီးတော့ ဘယ်သူဘာတိုက်တိုက်
မသောက်ရဘူးကြားလား"

"ဟုတ်ကဲ့ပါ
အချိုရည်နဲ့ အသီးပဲစားပါမယ်ရှင့်"

"သားရယ် မှာတမ်းခြွေနေလိုက်တာ
မပြီးတော့ဘူး
ဦးလေးမင်ရေ သမီးငယ်လေးကို လိုက်ပို့လိုက်ပါအုံး တော်ကြာကား
လမ်းပိတ်လို့ နောက်ကျနေအုံးမယ်"

အမေနဲ့အကိုဖြစ်သူကို ဖွဖွနမ်းပြီး
တာ့တာပြကာ ကားထဲ၀င်သွားတဲ့
သူမဟာ ဒီနေ့တော်တော်လေးကို
လှနေခဲ့ပါသည်။ အပြုံးတွေဟာလည်း
အရင်ကထက်ပိုလှသလို မျက်လုံး
ဝိုင်းဝိုင်းလေးတွေကလည်း အရင်ကထက် ပိုတောက်ပနေခဲ့ပါသည်။

.
.
.

"ဟယ် Kim jey hyun
နင့်ကိုငါမလာတော့ဘူးလို့တောင်
ထင်နေတာ"

"အချစ်ဆုံးသူငယ်ချင်းရဲ့မွေးနေ့ပဲ
ငါလာခဲ့ရမှာပေါ့"

"ကြည့်ပါအုံး လှလိုက်တာ
မွေးနေ့ရှင်က နင်လား ငါလားလို့တောင်
မေးကုန်‌မယ်ထင်တယ်"

"မြှောက်နေပြန်ပါပြီ။ ဒါနဲ့... လူတွေအများကြီးပဲနော်ဂျယ်ဟွန်း"

မျက်ရည်ခြွေသူ🥀Where stories live. Discover now