"ဘယ်လို
မင်းပြောနေတာ တကယ်လား"ထယ်ယောင်းခေါင်းအသာငြိမ့်ပြရုံသာတက်နိုင်ခဲ့သည်။
ဂျီမင်နဲ့ ဂျင် ခမျာ ပါးစပ်အဟောင်း
သားနဲ့ ဟိုဆော့အဖြစ်ကို မယုံနိုင်
ဖြစ်နေသည်။ ထယ်ယောင်းမျက်နှာမကောင်းပုံထောက် စနေတယ်ဆိုတာလည်း မဖြစ်နိုင်"ငါတို့ ဟိုဆော့ကို တွေ့ချင်တယ်
ထယ်ယောင်း""ဟျောင်းက ကျွန်တော့်ကိုတောင်
မြင်ချင်တာမဟုတ်ဘူးရယ်
ဒါပေမဲ့ ဟျောင်းရဲ့အခြေနေက
ဂျင်ဟျောင်းတို့ကိုတွေ့ဖို့ အဆင်သင့်
ဖြစ်လောက်သေးမှာမဟုတ်ဘူး""ကြားရတာ စိတ်မကောင်းလိုက်တာ...
ထယ်ယောင်း အဲ့ဒါမင်းမကောင်းလို့
သိလား။ ငါမင်းကို စိတ်တိုလိုက်တာ
ဆိုတာ တကယ်ဘဲ"ဂျီမင်က မျက်စောင်းတခဲခဲနဲ့
ဆိုလေတော့ ဂျင် ကပါ ဘေးနားကနေ ထောက်ခံနေသည်။"အဲ့ဒါပြောတာပေါ့
လူတစ်ယောက်ရဲ့ သည်းခံနိုင်မှုကို
သွားမစမ်းသတ်နဲ့ဆိုတာ......
ကိုယ်ပေးတဲ့ နာကျင်မှုကို အပြုံးနဲ့
အန်တုရင်း ထွက်ခွာသွားတဲ့လူတစ်
ယောက်က သာမာန်ထက်ကို အမှတ်သည်းခြေကြီးတာ""ဂျင်ဟျောင်းပြောတာမှန်တယ်.....
လူတစ်ယောက်ရဲ့နှလုံးသားကို သွေးအေးအေးနဲ့ခွဲလိုက်တဲ့အခါ
အဲ့လူက ကိုယ့်ထက်ပိုပြီးအေးစက်
သွားတတ်တယ်.........
အဓိကက မင်းတကယ်ချစ်ရင်
လက်မလျော့လိုက်နဲ့"ဆူနေတဲ့ဂျင်ဟျောင်းနဲ့ လေပြေအေး
တရားဟောနေသော ဂျီမင်တို့ကို
ထယ်ယောင်း ဘာမှခွန်းတုံ့မပြန်နိုင်
ပါဘဲ အချစ်နာကျတဲ့လူအတိုင်း
မပြုံးနိုင်မရွှင်နိုင်နဲ့"တစ်နေ့နေ့တော့ မင်းအချစ်တွေကို
ဟိုဆော့ဟျောင်းမြင်လာမှာပါ"ကော်ဖီကို တစ်ငုံသောက်ရင်း ဂျီမင်က
တည်တည်ငြိမ်ငြိမ်နဲ့ အားပေးစကား
ပြောပေမဲ့ ထယ်ယောင်း ရင်ထဲလေးလံ
နေဆဲသာ......"ဟိုဆော့နဲ့မတွေ့ရဘူးဆိုရင်
ငါတို့သမီးလေးနဲ့တော့ တွေ့လို့ရတယ်
မလားထယ်ယောင်း""အွန်း....ရတယ်
အဲ့ကိစ္စက ကျွန်တော်စီစဉ်ပေးလို့
ရပါတယ်""ဟုတ်တယ်
သမီးလေးစီသွားကြမယ်
တွေးရင်းနဲ့တောင် ပျော်တယ်
သမီးလေးက ဟိုဆော့ဟျောင်းလို
ချစ်စရာလေးနေမှာ"