P 18

269 58 3
                                    


"ဟယ်လိုဘယ်သူလည်း📞"

"လေးလေးဟူ.....😧
လေးလေးဟူသားစီဖုန်းဆက်တယ်"

ဟိုဆော့အံ့လည်းဩသလို ၀မ်းလည်း
သာမိသည်။ အဆက်သွယ်ပျက်သွားတာ အတော်ကြာခဲ့ပြီမလား

"အိမ်က ထွက်သွားတဲ့ရက်ထဲက
လေးလေးဟူကို သားဖုန်းဆက်သေးတယ်။ ဆက်ပိတ်ထားလို့"

၀မ်းသာတာလား ၀မ်းနည်းတာလား
ဆိုတာ ဟိုဆော့တကယ်မတွေးတတ်။
သေချာတာကတော့ ငါ့မှာ လေးလေးဟူ
ရှိသေးတယ်ဆိုတဲ့အတွေးက မျက်ရည်
ဝဲရသည်အထိ

"ဟင့်အင်း လေးလေးဟူအမှားမှ
မဟုတ်တာ သားအပြစ်မမြင်ပါဘူး"

"လေးလေးဟူဘယ်လိုသိတာလဲ"

"အာ.....ဟုတ်သားပဲ
အပါးသတင်းတွေကsocial mediaမှာ
ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ကိစ္စပဲ"

"သားကိုလာရှာသေးတာလား"

"အဲ့တုန်းက ဆေးရုံတက်နေရတော့
လေးလေးဟူနဲ့မတွေ့တာနေမယ်"

"သားနားလည်ပါတယ်
အားလုံးက ကံစီမံရာအတိုင်းပဲပေါ့"

"ဟုတ်ကဲ့ အသိတစ်ယောက်စီမှာ
အလုပ်လုပ်နေတာ လေးလေးဟူ"

"အခု လေးလေးဟူကဂွမ်ဂျူမှာလား
သားကိုစိတ်မပူပါနဲ့ သားက အဆင်ပြေပါတယ်"

"ငယ်လေး......!
မသွားပါနဲ့........"

လေးလေးဟူနဲ့ဖုန်းပြောနေတုန်း
အခန်းထဲက ထယ်ယောင်းအသံကြောင့်
ဟိုဆော့ မျက်ခုံးတွေ တွန့်ခနဲ။

"ကိုကိုတောင်းပန်ပါတယ်
ဟင့်အင်း........ငယ်လေးထင်သလို
မဟုတ်ပါဘူး"

အချိန်လည်းမစောတော့တာမို့
ထယ်ယောင်း အခန်းထဲက ပလုံးပထွေး
သံတွေဟာ အခန်းတစ်ခုလုံး ပျံ့နှံ့စွာ
လွင့်ပြယ်လာတော့ ဟိုဆော့မနေနိုင်
စွာနဲ့ပဲ

"လေးလေးဟူ ညဉ့်နက်နေပြီဆိုတော့
သားမနက်မှ ဖုန်းပြန်ဆက်လိုက်
မယ်လေနော်"

"ဟုတ်ကဲ့
ကျန်းမာရေးဂရုစိုက်နော်
သားဖုန်းချလိုက်တော့မယ်"

ဖုန်းချပြီးသည်နှင့် ထယ်ယောင်းအခန်းထဲကို ခပ်သွက်သွက် ၀င်သွားလိုက်တော့ ထင်တဲ့အတိုင်း ကောင်ဆိုးလေးက အိမ်မက်ဆိုးတွေမက်နေတာပဲ

မျက်ရည်ခြွေသူ🥀Where stories live. Discover now