"ဂျောင်ကု
ဒီဘော်လီဘော အဖွဲ့ထဲမှာ
မင်းအတော်ဆုံးနော် ငါတို့မေဂျာနာမည်
မပျက်စေနဲ့အုံး""အင်းပါ
ဘယ်သူက ကိုယ့်မေဂျာကို သိက္ခာ
ကျအောင်လုပ်မှာလည်း"ဂျီမင်ရဲ့စကားအပြောမတတ်မှုကြောင့်
ဂျောင်ကု မျက်နှာပျက်သွားပြီး
ဘွတ်ဖိနပ်ကြိုးကို သေချာချည်နေလိုက်သည်။ ဒါကိုရိပ်မိတဲ့ဂျီမင်က
သူ့အပြောအဆိုတွက် သက်ပြင်း
အသာချရင်း"ပေး...ပေး
ဟျောင်းချည်ပေးမယ်""နေပါ ရတယ်"
ဂျီမင်လက်တွေ လေဟာနယ်ထဲ
ရပ်တန့်သွားခြင်းနှင့်အတူ ဂျောင်ကုကို
အသာစောင်းငဲ့ကြည့်မိတော့ ဂျီမင်စီမှာ အာရုံမရှိ။ ကု...မင်းကလေ........... ဟျောင်းပေါ်ဆို အမြဲတမ်းစိမ်းသက်တာပဲနော်......"ထယ်ယောင်း ဟျောင်းရော
မလာသေးဘူးလား"မျက်လုံးလေး ဟိုဘက်ဒီဘက်ဝေ့ဝိုက်
ကြည့်ကာဆိုလိုက်တော့ ဂျောင်ကုနဲ့
ဂျီမင်စီကို အပြေးလာေနတဲ့
ထယ်ယောင်း"လာပါပြီကွာ
ဒီမှာ မင်းအတွက် ရေဗူးသွားယူ
နေတာ။ သေချာကစားရမယ်နော်
ဟိုနှစ်ကလိုမဖြစ်စေနဲ့အုံး""အင်းပါ
မနှစ်က ကျွန်တော့်လက်က
ဒဏ်ဖြစ်သွားလို့ ရှုံးသွားတာပါ
ဒီနှစ်တော့ နိုင်စေရမယ် စိတ်ချ""ဟိုဆော့ဟျောင်း
ဂျောင်ကုကို လာအားပေးတာလား"ဂျောင်ကုကို သေချာကစားဖို့
မှာနေတုန်း ဂျီမင်အသံကြောင့်
နောက်ကို လှည့်ကြည့်မိတော့ ထိုလူ။ နေရာတိုင်းလိုလိုကို မြင်နေရတာက စိတ်ချဉ်ပေါက်စရာ။"ငါတို့ဂျောင်ကုကီးလေး
သေသေချာချာဆော့မယ်နော်
Fighting....✊""ဟုတ်"
"ပွဲချိန်လည်းနီးပြီဆိုတော့
ဟိုဆော့ဟျောင်း လာလေ
ကျွန်တော်တို့ သွားထိုင်ရအောင်"ဂျီမင်က ဟိုဆော့လက်ကိုတွဲပြီး
ခေါ်သွားတာကြောင့် ထယ်ယောင်းမှာ
မျက်နှာတစ်ပြင်လုံးရှုံ့မဲ့ကာ ဂျီမင်နဲ့
ဟိုဆော့တောက် ထပ်ကြပ်မကွာ လိုက်ရတော့သည်