စီးကရက်ကို အဆုတ်ထဲထိ ရောက်အောင် ရှိုက်ရင်း အငွေ့တွေကို ပေါ့ပါးစွာ လွှတ်ထုတ်လိုက်တော့ လေးနေတဲ့စိတ်တွေကအနဲငယ်ပေါ့သွားသယောင်။
တိမ်ဆိုင်တွေကို ငေးမိပြန်တော့ တစ်ယောက်သောသူရဲ့မျက်နှာဟာ မျက်
၀န်းတွေထဲ ကွက်ကွက်ကွင်းကင်းကို
နေရာယူလို့ထားသည်နိုင်ငံခြားသွားရဖို့ကလဲ ရက်ဘယ်လောက်မှမလိုတော့ဘူး။
ဘာကိုနောက်စံတင်းလို့တင်းမှန်း
မသိတဲ့အဖြစ်က ထိုလူ့ကို ထားခဲ့ဖို့
စိတ်မချဖြစ်နေတာလားဆိုပြီးတွေးတိုင်း ဦးနှောက်နဲ့အသိစိတ်က အသဲသန်ငြင်းသည်။"ကျစ်!!!"
ထယ်ယောင်းစုတ်တစ်ချက်
သတ်ရင်း စီးကရက်ကိုသာ
မဲသောက်ပြစ်လိုက်သည်။
စိတ်ရှိတိုင်းသာ လွတ်ထွက်ကြေးဆိုရင်
ကျွန်တော်ဟာ ထိုဆေးလိပ်ငွေ့တွေနဲ့အတူ လေနှင်ရာကို လွင့်စင်သွားမှာအမှန်.........စိတ်ညစ်စရာရယ်ဆိုပြီး
မယ်မယ်ရရမရှိပေမဲ့ ဝေခွဲမရတဲ့နှလုံး
သားတစ်စုံတော့ရှိတယ်ဂျီမင်ကိုချစ်တယ်......
ဒါလည်းမှန်တာပဲ။
ဒါဆိုဘာလို့ အကိုဖောချိုင်နဲ့ ဂျောင်ဟို
ဆော့နဲ့ကို တွဲမြင်လိုက်တိုင်း အစိုးမရတဲ့စိတ်တွေက ဒေါသအဖြစ်သို့ပြောင်းလဲ
သွားရတာလဲ။ အဲ့ဒိဂျောင်ဟိုဆော့ တစ်ခုခုဖြစ်တိုင်း ဘာလိုအသဲအသန်
စိုးရိမ်နေရတာလဲ..........ကျစ်!!!
မဖြစ်ရဘူး! အဲ့လိုဖြစ်လို့မရဘူး!
ဂျောင်ဟိုဆော့ဆိုတာ ငါ့ရန်သူ။ နာကျင်
အောင်လုပ်ရမှာ။ သူ့ကိုနာကျင်အောင်
လုပ်မှ ငယ်လေးပေါ်တင်နေတဲ့အကြွေးတွေ ကျေမှာ.........."ထယ်ယောင်း...."
ဟက်
အသက်ရှည်အုံးမယ်
အခုပဲသူ့အကြောင်းနွေးနေတာလေ။
အဲ့လိုပဲ ကျွန်တော့်ကိုမတွေ့ရင် သူအမြဲ
တမ်းလိုက်ရှာတတ်တယ်"ဘာလို့လိုက်လာတာလည်း"
ကျွန်တော့်လက်ထဲကဆေးလိပ်ကို
မြင်သွားတယ်ထင်ပါရဲ့ ထိုလူ့မျက်
ခုံးတွေ တွန့်ချိုးသွားလိုက်တာများ
မျက်နှာက ပါးချိုင့်သေးသေးတွေနဲ့အပြုံးတွေမရှိတော့သည်အထိ။"ထယ်ယောင်းထွက်သွားတာ
ကြာနေလို့"ဟိုဆော့ပုံစံကိုကြည့်ပြီး လက်ထဲက
ဆေးလိပ်ကိုမြေကြီးပေါ်ပြစ်ချပြီး
ခြေထောက်ဖြင့်နင်းချေလိုက်သည်။
ထိုလူက ဆေးလိပ်နံ့မခံနိုင်ဘူးမလား