P 30

288 42 15
                                    

"ဂျီမင်......
မင်း အရမ်းကြည့်ကောင်းတာပဲ"

"ငါရင်တွေအရမ်း ခုန်နေတယ်
ထယ်ယောင်း"

"ငါနဲ့ဟျောင်း လက်ထပ်တုန်းကလဲ
မင်းလိုပဲ ရင်တွေပေါက်ထွက်မတက်
ခုန်ခဲ့တာ"

အဖြူရောင် အနောက်တိုင်း ၀တ်စုံလေးနဲ့
သန့်ပြန့်နေတဲ့ ဂျီမင်ဟာ နတ်သားလေး
အတိုင်း။ ဂျစ်ကန်ကန် ကောင်ဆိုးလေးကို
ဂျောင်ကုကို ဂျီမင်ထိမ်းကြောင်းနိုင်မယ်လို့ ခင်များတို့ရောထင်လား။ ဂျောင်ကုရဲ့ရွေးချယ်မှုတွေမှန်ကန်ခဲ့တာပဲ

"သွားရအောင်လေ
အောက်မှာ ဂျောင်ကု နဲ့ ဟျောင်းတို့
စောင့်နေလောက်ပြီ"

"အွန်း"

ခန်းနားလှတဲ့ပြင်ဆင်မှုတွေကြား
အဖြူရောင် သတို့သားလေးနှစ်ယောက်‌
ကတော့ အပြုံးတွေဝေစာလို့.......
နှစ်ဖက်မိဘတွေကအစ အပြုံးတွေ
အတောမသတ်နိုင်ကြတဲ့ သူတို့ရဲ့
လက်ထပ်ပွဲလေး.............

ရှေ့ကနေ လျှောက်လှမ်းလာကြတဲ့
ပန်းကြဲ သတို့သားအရံတွေကလည်း
ကြည့်ကောင်းလွန်းလှသည်။ ‌အဲ့ထဲမှ
ဆော့ဂျင်ဟျောင်းကတော့ သူ့ကိုယ်သူ
အချောဆုံးဆိုပြီး ဝံ့ကြွားနေမှာအမှန်

"ဂျီမင်လေးက ချစ်ဖို့ကောင်းလိုက်တာ"

"မောင့်ရဲ့ဟျောင်းလောက်တော့
ချစ်ဖို့ကောင်းမယ် မထင်ပါဘူးနော်"

"အယ်..ပိုပြီ မောင်ကတော့"

"တကယ်ပြောတာ
မောင့်ဘ၀မှာ ဟျောင်းက အလှဆုံးပဲ"

"မောင်ရေ
ဒါ သူများမင်္ဂလာဆောင်နော်"
စိတ်ထိမ်း

ထယ်ယောင်းရဲ့အကြည့်တွေကို နားလည်
တာမို့ ဟိုဆော့ခမျာ သတိထားဖို့ ပြောနေ
ရသည်။ အဲ့လိုမှမပြောရင် နေရာမလွဲ
အသားယူတတ်လွန်းတတ်တဲ့ ထယ်ယောင်း
ကြောင့် အရှက်တွေလဲကွဲရသည်မလား

"အပါး.....
ဘီဘီကရော ချစ်စရာမကောင်းဘူးလား"

နှုတ်ခမ်းလေးဆူကာ ပြောနေတဲ့သမီးက
ဒီရက်ပိုင်း အရမ်းကို လည်လာတာပါ။
ဘာနေနေ "ဘီဘီကိုရော" "သမီးကိုရော"
စတဲ့ စကားလုံးတွေသုံးတတ်နေပြီ

You've reached the end of published parts.

⏰ Last updated: Aug 16 ⏰

Add this story to your Library to get notified about new parts!

မျက်ရည်ခြွေသူ🥀Where stories live. Discover now